Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် စစ်ဘေးရှောင်များအတွက်အသုံးပြုမည့် ကျပ်သိန်း ၃၀၀ကျော်တန်ဖိုးရှိ ဆေးပစ္စည်းများ စစ်ကောင်စီ မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်များက ကနီမြို့နယ်ရှိ သရက်ပင်ရွာ၊ ဝါးတန်းအရှေ့ရွာ ၊ဝါးတန်းအနောက်ရွာ ၊အုန်းပင်ဆိပ်ရွာများအား ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ကနီမြို့နယ်အတွင်း ကျေးရွာ လေးရွာ၌ စစ်ကောင်စီတပ် ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-PAN(Kani)
ကနီမြို့နယ်အတွင်း ကျေးရွာ လေးရွာ၌ စစ်ကောင်စီတပ် ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-PAN(Kani)

ပြည်သူပိုင်ပစ္စည်းများကိုလည်း အဓမ္မသိမ်းလုယူသွားဟုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာ လေးရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်မွှေနှောက်ပြီး ကျပ်သိန်း ၃၀၀ကျော် တန်ဖိုးရှိ ဆေးပစ္စည်းများအား ဖျက်ဆီးသွားသည့်အပြင် စာသင်ဆောင်များ၊ ပြည်သူ့အိုးအိမ်ပစ္စည်းများအား မွှေနှောက်ဖျက်ဆီးလုယူမှုများ ပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်များက ကနီမြို့နယ်ရှိ သရက်ပင်ရွာ၊ ဝါးတန်းအရှေ့ရွာ ၊ဝါးတန်းအနောက်ရွာ ၊အုန်းပင်ဆိပ်ရွာများအား ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၂၈ရက်တွင် ကနီမြို့နယ်၊ သရက်ပင်ရွာ စာသင်ကျောင်းရှိ စာသင်ဆောင်တဲကြီး (၂)တဲ၊ ၎င်းတဲအတွင်းရှိ စာရေးကိရိယာ စာသင်ခုံများ ၊ စာသင်ကျောင်းအတွင်းထားရှိသော စစ်ဘေးရှောင်ပြည်သူများ၏ အိမ်ထောင်ပရိဘောဂ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

နေအိမ် ၂၀ထက်မနည်း ဝင်ရောက်၍ စားနပ်ရိက္ခာများအား လုယူခြင်းများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ် သရက်ပင်တိုက်နယ်ဆေးရုံရှိ စစ်ဘေးရှောင်ပြည်သူပြည်သူများအား ဆေးဝါးကုသပေးနေသည့် ကျပ်သိန်း ၃၀၀ကျော်တန်ဖိုးရှိ ဆေးပစ္စည်းကိရိယာများအား မီးရှို့ဖျက်ဆီးခြင်း ၊ ဆေးဝါးပစ္စည်းကိရိယာများအား ရေတွင်းနှစ်တွင်းထဲ ပစ်ချဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါရွာရှိ အသက် (၃၅)နှစ်ရှိ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးအား အုပ်စုလိုက် အဓမ္မ ပြုကျင့်မှုများလုပ်ဆောင်ခဲ့သည်ဟုဆိုသော်လည်း ထပ်မံအတည်ပြု၍ မရသေးပေ။

သြဂုတ် ၂၈ရက်တွင် သရက်ပင်ရွာမှ အမျိုးသား ၃၃ဦး ၊ အမျိုးသမီး ၆၂ဦးကို ဖမ်းဆီးစစ်ဆေးမေးမြန်း၍ နောက်တစ်ရက် သြဂုတ် ၂၉ ရက်မှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများတွင် လသားအရွယ် ရင်ခွင်ပိုက်ကလေးမှ အသက်(၈၂)နှစ်​အထိ ပါဝင်ကြောင်း ​နယ်ခံတစ်ဦးက ပြောသည်။

သြဂုတ် ၂၉ ရက်တွင် ကနီမြို့နယ် ဝါးတန်းအရှေ့ရွာရှိ လူနေအိမ်တစ်လုံး ၊ ဝါးတန်းအနောက်ရွာရှိ လူနေအိမ်(၁၀)လုံး ၊ နွားတဲ(၈)လုံး၊ မီးဖိုချောင်(၁)လုံး ၊ စက်တဲ (၁)လုံး၊ အိုင်တောင်တောတိုက်မှ လူနေအိမ်တစ်လုံး၊ တဲအတွင်းရှိ စစ်ဘေးရှောင်ထားရှိသည့် အိမ်ထောင်ပရိဘောဂများ ၊ ဆေးလိပ်ခုံလုပ်ငန်းသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယမန်နေ့တွင်ပင် ကနီမြို့နယ် အုန်းပင်ဆိပ်ရွာသို့ စစ်ကောင်စီတပ်ဝင်ရောက် လာပြီး မီးဖိုချောင် တစ်လုံးအားမီးရှို့ကာ နေအိမ် ၁၀၀ကျော်အား ဝင်ရောက်မွှေနှောက်ရှာဖွေ၍ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့( သြဂုတ် ၃၀ရက်)တွင် စစ်ကောင်စီတပ်သည် ကနီမြိုနယ် အုန်းပင်ဆိပ်ရွာမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ချောဆွဲလာသော အမြန်ရေယာဥ်တစ်စီးဖြင့် မုံရွာ -အလုံ-နမခသို့ စုန်ဆင်းသွားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။