Connect with us

Hi, what are you looking for?

သတင်း

ပင်းတယမြို့တွင် တောင်သူတစ်ဦး စားဝတ်နေရေးကျပ်တည်းမှုနှင့် စိုက်ပျိုးစရိတ်အကြွေး ပြန်မဆပ်နိုင်ကြောင့်ဟုဆိုကာ ကြိုးဆွဲချသေဆုံး

ပင်းတယမြို့နယ် ကံသာရွာမှ စိုက်ပျိုးရေးတောင်သူ အမျိုးသားတစ်ဦးသည် ရွာထိပ်တစ်နေရာတွင် လည်ပင်း၌ ပုဆိုးကွင်းသိုင်းကာ မိမိကိုယ်ကိုယ်မိမိကြိုးဆွဲချ အဆုံးစီရင်လိုက်ခြင်းဖြစ်သည်။ အထက်ပါ ဖြစ်စဥ်သည် သြဂုတ် ၂၇ရက်က ဖြစ်ခဲ့ခြင်း သည်။

ပင်းတယမြို့
ပင်းတယမြို့

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့တွင် စိုက်ပျိုးရေးတောင်သူတစ်ဦး စားဝတ်နေရေးကျပ်တည်းမှုနှင့် စိုက်ပျိုးစရိတ်အကြွေး ပြန်မဆပ်နိုင်သည့် အခက်အခဲကြောင့်ဆိုကာ ကြိုးဆွဲချ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ပင်းတယမြို့နယ် ကံသာရွာမှ စိုက်ပျိုးရေးတောင်သူ အမျိုးသားတစ်ဦးသည် ရွာထိပ်တစ်နေရာတွင် လည်ပင်း၌ ပုဆိုးကွင်းသိုင်းကာ မိမိကိုယ်ကိုယ်မိမိကြိုးဆွဲချ အဆုံးစီရင်လိုက်ခြင်းဖြစ်သည်။ အထက်ပါ ဖြစ်စဥ်သည် သြဂုတ် ၂၇ရက်က ဖြစ်ခဲ့ခြင်း သည်။

“ကလေးတွေ ကျန်ခဲ့တယ်။ အမျိုးသမီးလည်း ကျန်ခဲ့တယ်။ အဓိကကတော့ ပိုက်ဆံမရှိတော့ စားဝတ်နေရေး ပြဿနာတက်တာ။ စိုက်ပျိုးစရိတ် ကြွေးမြီတွေလည်း မပေးနိုင်တော့လို့ သေကြောင်းကြံသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသားမှာ အသက်(၄၀)ဝန်းကျင်ခန့်ရှိပြီး ​သေဆုံးချိန်တွင် ကလေး သုံးယောက်နှင့် ဇနီးဖြစ်သူကျန်ရစ်ခဲ့သည်ဟု ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် Voice Of Pindaya က ရေးသားထားသည်။ ယင်းအမျိုးသားသည် မိမိကိုယ်ကိုယ်အဆုံးမစီရင်မီ ရက်ပိုင်းခန့်တွင် စိတ်ဓာတ်ကျဝေဒနာ ခံစားခဲ့ရသည်ဟုလည်း ​ဒေသခံများကို ကိုးကား၍ Voice Of Pindaya ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်ကောင်စီအုပ်ချုပ်နေစဥ် ကာလတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေပြီး လူထုသည် စားဝတ်နေရေးကျပ်တည်းမှုကို ဆိုးရွားစွာ ရင်ဆိုင်နေရသည်။ မကြာသေးမီရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ အင်လျားကန်အတွင်း လူတစ်ဦး ခုန်ချသတ်သေသွားသလို ခုံးကျော်တံတားတစ်ခုပေါ်မှလည်း လူတစ်ဦး ခုန်ချသတ်သေမှု ဖြစ်ခဲ့သည်။

ထို့အပြင် စားဝတ်နေရေးမပြေလည်သည့် အမျိုးသမီးတစ်ဦးသည် သူ၏ ကလေးငယ်နှင့်အတူ ပြည်မြို့ နဝဒေးတံတားပေါ်မှ ခုန်ချသတ်သေသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။