Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်းတယမြို့တွင် တောင်သူတစ်ဦး စားဝတ်နေရေးကျပ်တည်းမှုနှင့် စိုက်ပျိုးစရိတ်အကြွေး ပြန်မဆပ်နိုင်ကြောင့်ဟုဆိုကာ ကြိုးဆွဲချသေဆုံး

ပင်းတယမြို့နယ် ကံသာရွာမှ စိုက်ပျိုးရေးတောင်သူ အမျိုးသားတစ်ဦးသည် ရွာထိပ်တစ်နေရာတွင် လည်ပင်း၌ ပုဆိုးကွင်းသိုင်းကာ မိမိကိုယ်ကိုယ်မိမိကြိုးဆွဲချ အဆုံးစီရင်လိုက်ခြင်းဖြစ်သည်။ အထက်ပါ ဖြစ်စဥ်သည် သြဂုတ် ၂၇ရက်က ဖြစ်ခဲ့ခြင်း သည်။

ပင်းတယမြို့
ပင်းတယမြို့

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့တွင် စိုက်ပျိုးရေးတောင်သူတစ်ဦး စားဝတ်နေရေးကျပ်တည်းမှုနှင့် စိုက်ပျိုးစရိတ်အကြွေး ပြန်မဆပ်နိုင်သည့် အခက်အခဲကြောင့်ဆိုကာ ကြိုးဆွဲချ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ပင်းတယမြို့နယ် ကံသာရွာမှ စိုက်ပျိုးရေးတောင်သူ အမျိုးသားတစ်ဦးသည် ရွာထိပ်တစ်နေရာတွင် လည်ပင်း၌ ပုဆိုးကွင်းသိုင်းကာ မိမိကိုယ်ကိုယ်မိမိကြိုးဆွဲချ အဆုံးစီရင်လိုက်ခြင်းဖြစ်သည်။ အထက်ပါ ဖြစ်စဥ်သည် သြဂုတ် ၂၇ရက်က ဖြစ်ခဲ့ခြင်း သည်။

“ကလေးတွေ ကျန်ခဲ့တယ်။ အမျိုးသမီးလည်း ကျန်ခဲ့တယ်။ အဓိကကတော့ ပိုက်ဆံမရှိတော့ စားဝတ်နေရေး ပြဿနာတက်တာ။ စိုက်ပျိုးစရိတ် ကြွေးမြီတွေလည်း မပေးနိုင်တော့လို့ သေကြောင်းကြံသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသားမှာ အသက်(၄၀)ဝန်းကျင်ခန့်ရှိပြီး ​သေဆုံးချိန်တွင် ကလေး သုံးယောက်နှင့် ဇနီးဖြစ်သူကျန်ရစ်ခဲ့သည်ဟု ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် Voice Of Pindaya က ရေးသားထားသည်။ ယင်းအမျိုးသားသည် မိမိကိုယ်ကိုယ်အဆုံးမစီရင်မီ ရက်ပိုင်းခန့်တွင် စိတ်ဓာတ်ကျဝေဒနာ ခံစားခဲ့ရသည်ဟုလည်း ​ဒေသခံများကို ကိုးကား၍ Voice Of Pindaya ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်ကောင်စီအုပ်ချုပ်နေစဥ် ကာလတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေပြီး လူထုသည် စားဝတ်နေရေးကျပ်တည်းမှုကို ဆိုးရွားစွာ ရင်ဆိုင်နေရသည်။ မကြာသေးမီရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ အင်လျားကန်အတွင်း လူတစ်ဦး ခုန်ချသတ်သေသွားသလို ခုံးကျော်တံတားတစ်ခုပေါ်မှလည်း လူတစ်ဦး ခုန်ချသတ်သေမှု ဖြစ်ခဲ့သည်။

ထို့အပြင် စားဝတ်နေရေးမပြေလည်သည့် အမျိုးသမီးတစ်ဦးသည် သူ၏ ကလေးငယ်နှင့်အတူ ပြည်မြို့ နဝဒေးတံတားပေါ်မှ ခုန်ချသတ်သေသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။