Connect with us

Hi, what are you looking for?

သတင်း

NUGက စစ်ကိုင်းတိုင်း သုံးမြို့နယ်တွင် ပြည်သူ့ရဲတပ်ဖွဲ့များဖွဲ့စည်း

အဆိုပါ ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ ပုဒ်မ ၁၄(ခ)တွင် ဝန် ကြီးဌာနသည် အမိန့်ကြော်ညာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားသည်။

NUGက စစ်ကိုင်းတိုင်း သုံးမြို့နယ်တွင် ပြည်သူ့ရဲတပ်ဖွဲ့များဖွဲ့စည်း
NUGက စစ်ကိုင်းတိုင်း သုံးမြို့နယ်တွင် ပြည်သူ့ရဲတပ်ဖွဲ့များဖွဲ့စည်း

စစ်ကိုင်းတိုင်းရှိ မြို့နယ်သုံးခုတွင် မြို့နယ်အလိုက် ပြည်သူ့ရဲတပ်ဖွဲ့များဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ ၁)တွင် ထုတ်ပြန်သည်။

အဆိုပါပြည်သူ့ရဲ့တပ်ဖွဲ့များကို ၂၀၂၂ ခုနှစ် ပြည်သူ့ ရဲတပ်ဖွဲ့ဥပဒေပုဒ်မ ၁၄(ခ)အရ ပြည်သူ့ရဲတပ်ဖွဲ့ လက် အောက်တွင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ကလေးမြို့နယ်ရဲတပ်ဖွဲ့ဘ တမူးမြို့နယ်ရဲတပ်ဖွဲ့နှင့် ဝက်လက်မြို့နယ်ရဲတပ်ဖွဲ့တို့ဖြစ်ကြောင်း ဖော်ပြသည်။

ထိုသို့ဖွဲ့စည်းလိုက်သော မြို့နယ်အလိုက် ပြည်သူ့ရဲတပ်ဖွဲ့များတွင် ကလေးနှင့် တမူးမြို့နယ်များမှ CDM ပြည် သူ့ရဲတပ်ဖွဲ့များမှာ CDM ရဲတပ်ဖွဲ့ ပြည်သူ့အုပ်ချုပ်ရေးကော်မတီဖွဲ့စည်းစဥ်ကတည်းက ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

အလားတူ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့သည် Kalay Services Police(KSP)အဖြစ်ဖွဲ့စည်းရပ်တည်ခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။

Public Service Announcement

Public Service Announcement

NUG အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဇွန်လတွင် ပြည်သူ့ရဲတပ်ဖွဲ့ရုံးဌာနအား ဖွဲ့စည်းခဲ့ပြီး ရဲချုပ်၊ ဒုရဲချုပ်၊ ရဲဦးစီးချုပ်၊ ရဲရေးချုပ်နှင့် ရဲထောက်ချုပ်ရုံးများပါဝင်ပြီး မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့နှင့် ဌာနကြီးလေးခုအပြင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲစခန်းများပါဝင်သည်။

ထို့အပြင် CDM ရဲတပ်ဖွဲ့ ပြည်သူ့အုပ်ချုပ်ရေးကော် မတီကရေးဆွဲသော ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေမူကြမ်းကို ပြည် ထောင်စုလွှတ်တော်က ၂၀၂၂ ခုနှစ် မေလတွင် အတည် ပြုပြဌာန်းခဲ့သည်။

အဆိုပါ ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ ပုဒ်မ ၁၄(ခ)တွင် ဝန် ကြီးဌာနသည် အမိန့်ကြော်ညာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။