Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် စစ်ကူသွားသည့် စစ်ကောင်စီယာဉ် တစ်စီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရ

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် ​ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်(ပကဖ)ရဲဘော်များအား တွေ့ရစဉ်)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်(ပကဖ)ရဲဘော်များအား တွေ့ရစဉ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကူသွားသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

ယနေ့(စက်တင်ဘာ၂ ရက်) ညနေ ၃ နာရီခန့်က မြိုင်မြို့အရှေ့ဘက်၊ ပုသိမ် – မုံရွာလမ်းဆုံမှတစ် ဆင့် ကန်နီကျေးရွာသို့ စစ်ကူသွားသော စစ်ကောင်စီတပ်နှင့် ရဲ ၂၅ဦးခန့်လိုက်ပါလာသည့် Hijet ယာဉ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

အဆိုပါ ယာဉ်အား မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကားရပ်သွားပြီး စစ်သားနှင့်ရဲများ ကားပေါ်မှဆင်းနေစဉ် လက်ဦးမှုရယူပြီး ပစ်နိုင်ခဲ့ကာ အများအပြား ထိခိုက်သွားကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

Public Service Announcement
Public Service Announcement

မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်လက်ယျာက “မြိုင်က ကန်နီပျူရွာကို အဖွဲ့ပေါင်းစုံ ဝင်တွယ်တာရှိတယ်။ အဲ​ဒါကအဖွဲ့စုံမို့ သီးသန့်ထပ်ထုတ်ပြန်ပါ့မယ်။ မြိုင်မြို့အထွက် တစ်ဖာလုံလောက်မှာ Hijet ကားနဲ့လာတဲ့ ကန်နီကိုစစ်ကူသွားမယ့် စခရခပါတဲ့ကားကို မိုင်းခွဲတာ မိုင်းနှစ်လုံးကွဲတယ်။ သူတို့ကားပေါ်က ဆင်းတာနဲ့ပစ်တာ။ ကားပေါ်ကတစ်ယောက်ပြုတ်ကျသွားတယ်။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ပြီးနောက် မြိုင်(ပကဖ) ရဲဘော်များ အမြန်ဆုတ်ခွာခဲ့ပြီး ရဲဘော်များထိခိုက်မှုမရှိကြောင်း မြိုင် (ပကဖ)အဖွဲ့က ပြောသည်။

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် ​ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။