Connect with us

Hi, what are you looking for?

သတင်း

လားရှိုး – မူဆယ်ကြား စစ်ကောင်စီတပ် အင်အားများဖြည့်ထား၍ တိုက်ပွဲဆက်တိုက်ဖြစ်လာ

ယမန်နေ့က နမ့်ဖက်ကာအနီးဖြစ်ခဲ့သည့် တိုက်ပွဲမှာ KIAနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများ ကြားခဲ့ရသည်ဟုဆိုသည်။

(မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - အေအေ)
(မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - အေအေ)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – မူဆယ်လမ်းပိုင်း၌ ယခု ရက်ပိုင်းအတွင်း တိုက်ပွဲ ဆက်တိုက်ဖြစ်လာနေပြီး လမ်းပေါ်၌ စစ်ကောင်စီတပ် လှုပ်ရှားမှုများလည်း မကြာခဏ တွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့တွင် ကွတ်ခိုင်မြို့နယ် မန်ပိန်းဒေသ၌ တိုက်ပွဲဖြစ်ပွားသကဲ့သို့ ယမန်နေ့ (စက်တင်ဘာ ၃ရက်)ကလည်း နမ့်ဖက်ကာရွာအနီး တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

“သိန္နီဘက်ကနေထွက်လာလို့ရှိရင် မန်ပိန်းအတက် အဲဒီမှာ ဖြစ်တာ။ အဲဒီဘက်နားက များသောအားဖြင့် ကိုးကန့်အဖွဲ့တွေနေတာများတယ်။ ဟိုတစ်ခေါက်တုန်းက ပလောင်အဖွဲ့နေတယ်။ နောက်ဆက်တွဲက အခု ၄နာရီခွဲလောက်မှ ကားတွေက အကုန်တက်လာခဲ့တာပဲ။ ဖြစ်တာ လမ်းဘေးမှာ ပဲဖြစ်မယ်။ ကားတွေအကုန်လုံးရပ်ထားပြီး အကြာပြီးပဲ စောင့်နေကြရတာ” ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့က နမ့်ဖက်ကာအနီးဖြစ်ခဲ့သည့် တိုက်ပွဲမှာ KIAနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများ ကြားခဲ့ရသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“နမ့်ဖက်ကာဘက်မှာမနေ့ကတောင်တွယ်ကျသေးတယ်။ အကြီး(လက်နက်ကြီး) ထုတာတွေရှိတယ်။ အသေးသံတွေလည်းကြားတယ်။ ပန်ကိုင်နားလေးတင်။ မနေ့ကတော့ ကေအိုင်အေနဲ့ပဲ။ညနေပိုင်း အသေးသံတွေ ရွာနားကပ်လာလို့ တရုတ်ကျောင်းတက်နေတဲ့ ကလေးတွေ ပြေးကြိုကြရတာ။ ကျွန် တော်တို့ဘက်လည်း ဒီတစ်ကြောတော့ တော်တော်များများဖြန့်ထားတာ။ဇောက်တပ်(စစ်ကောင်စီတပ်) တွေပဲ တစ်လမ်းလုံးတွေ့နေတာ။ တော်တော်ကို အင်အားဖြည့်ထားတာ။ တစ်လမ်းလုံး တော်ကြာတွေ့၊ တော်ကြာတွေ့နေတာ။ မူဆယ်နဲ့ နမ့်ဖက်ကာကြားတွေ့တာ။ ဒီအောက်ဘက် သိန္နီ၊ လားရှိုးဘက်အထိ တကြောလုံး ဖြည့်ထားတဲ့သဘော”ဟု ရှမ်းမြောက်ဒေသခံက ပြောသည်။

ရှမ်းမြောက် မူဆယ် – လားရှိုးလမ်းပိုင်း၌ ကချင်တပ်မတော်(KIA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော်(TNLA) တို့ အဓိက လှုပ်ရှားပြီး ယခုနောက်ပိုင်းတွင် တိုင်းရင်းသားတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းများရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။