Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုး – မူဆယ်ကြား စစ်ကောင်စီတပ် အင်အားများဖြည့်ထား၍ တိုက်ပွဲဆက်တိုက်ဖြစ်လာ

ယမန်နေ့က နမ့်ဖက်ကာအနီးဖြစ်ခဲ့သည့် တိုက်ပွဲမှာ KIAနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများ ကြားခဲ့ရသည်ဟုဆိုသည်။

(မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - အေအေ)
(မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - အေအေ)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – မူဆယ်လမ်းပိုင်း၌ ယခု ရက်ပိုင်းအတွင်း တိုက်ပွဲ ဆက်တိုက်ဖြစ်လာနေပြီး လမ်းပေါ်၌ စစ်ကောင်စီတပ် လှုပ်ရှားမှုများလည်း မကြာခဏ တွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့တွင် ကွတ်ခိုင်မြို့နယ် မန်ပိန်းဒေသ၌ တိုက်ပွဲဖြစ်ပွားသကဲ့သို့ ယမန်နေ့ (စက်တင်ဘာ ၃ရက်)ကလည်း နမ့်ဖက်ကာရွာအနီး တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

“သိန္နီဘက်ကနေထွက်လာလို့ရှိရင် မန်ပိန်းအတက် အဲဒီမှာ ဖြစ်တာ။ အဲဒီဘက်နားက များသောအားဖြင့် ကိုးကန့်အဖွဲ့တွေနေတာများတယ်။ ဟိုတစ်ခေါက်တုန်းက ပလောင်အဖွဲ့နေတယ်။ နောက်ဆက်တွဲက အခု ၄နာရီခွဲလောက်မှ ကားတွေက အကုန်တက်လာခဲ့တာပဲ။ ဖြစ်တာ လမ်းဘေးမှာ ပဲဖြစ်မယ်။ ကားတွေအကုန်လုံးရပ်ထားပြီး အကြာပြီးပဲ စောင့်နေကြရတာ” ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့က နမ့်ဖက်ကာအနီးဖြစ်ခဲ့သည့် တိုက်ပွဲမှာ KIAနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများ ကြားခဲ့ရသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“နမ့်ဖက်ကာဘက်မှာမနေ့ကတောင်တွယ်ကျသေးတယ်။ အကြီး(လက်နက်ကြီး) ထုတာတွေရှိတယ်။ အသေးသံတွေလည်းကြားတယ်။ ပန်ကိုင်နားလေးတင်။ မနေ့ကတော့ ကေအိုင်အေနဲ့ပဲ။ညနေပိုင်း အသေးသံတွေ ရွာနားကပ်လာလို့ တရုတ်ကျောင်းတက်နေတဲ့ ကလေးတွေ ပြေးကြိုကြရတာ။ ကျွန် တော်တို့ဘက်လည်း ဒီတစ်ကြောတော့ တော်တော်များများဖြန့်ထားတာ။ဇောက်တပ်(စစ်ကောင်စီတပ်) တွေပဲ တစ်လမ်းလုံးတွေ့နေတာ။ တော်တော်ကို အင်အားဖြည့်ထားတာ။ တစ်လမ်းလုံး တော်ကြာတွေ့၊ တော်ကြာတွေ့နေတာ။ မူဆယ်နဲ့ နမ့်ဖက်ကာကြားတွေ့တာ။ ဒီအောက်ဘက် သိန္နီ၊ လားရှိုးဘက်အထိ တကြောလုံး ဖြည့်ထားတဲ့သဘော”ဟု ရှမ်းမြောက်ဒေသခံက ပြောသည်။

ရှမ်းမြောက် မူဆယ် – လားရှိုးလမ်းပိုင်း၌ ကချင်တပ်မတော်(KIA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော်(TNLA) တို့ အဓိက လှုပ်ရှားပြီး ယခုနောက်ပိုင်းတွင် တိုင်းရင်းသားတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းများရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။