Connect with us

Hi, what are you looking for?

ဗီဒီယို

အာဖဂန်မှာ အမြောက်ဆန်ဟောင်းနဲ့ ဆော့ကစားကြရာက ပေါက်ကွဲမှုဖြစ်လို့ ကလေး ၄ ဦးသေ

အာဖဂန်ဟာ စစ်ပွဲတွေရဲ့ဒဏ်ကို ဆယ်စုနှစ်တွေနဲ့ချီ သက်ရောက် ခံစားခဲ့ရတဲ့ နိုင်ငံ တစ်ခုဖြစ်ပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက် ပစ္စည်း အကြွင်းအကျန် အစအနတွေ အမြောက်အမြားက လူနေ ဧရိယာတွေနဲ့ မနီးမဝေးမှာ ကြွင်းကျန်နေဆဲပါ။

အာဖဂန် နစ္စတန်က ကျောင်းတစ်ကျောင်းမှာ မပေါက်ကွဲသေးတဲ့ အမြောက်ကျည်ဆန်ဟောင်း တစ်ခုကို ဆော့ကစားကြရာက ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ် ၄ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ကလေးတွေဟာ အဲဒီ ဗုံးဆန်အဟောင်းကြီးကို ဆရာ၊ ဆရာမတွေ မသိဘဲ ကျောင်းထဲထိ သယ်လာကြတာလို့ ရဲတွေက ပြောပါတယ်။ နောက်တော့ ကျောင်းမှာ ရှိနေတဲ့ တခြား ကလေးတွေနဲ့ အတူ ဆော့ကစားကြရင်း ထပေါက်ကွဲခဲ့တာပါ။ ဒီဖြစ်စဉ်ကြောင့် ကလေး ၄ ဦး သေဆုံးပြီး နောက်ထပ် ၃ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

ဟယ်လ်မန် ပြည်နယ် ရဲချုပ်ရုံးက ဘာသာရေးကျောင်း တစ်ခုမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် သေဆုံးတဲ့ ကလေးတွေဟာ အသက် ၇ နှစ်နဲ့ ၁၄ နှစ်ကြား အရွယ်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အာဖဂန်ဟာ စစ်ပွဲတွေရဲ့ဒဏ်ကို ဆယ်စုနှစ်တွေနဲ့ချီ သက်ရောက် ခံစားခဲ့ရတဲ့ နိုင်ငံ တစ်ခုဖြစ်ပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက် ပစ္စည်း အကြွင်းအကျန် အစအနတွေ အမြောက်အမြားက လူနေ ဧရိယာတွေနဲ့ မနီးမဝေးမှာ ကြွင်းကျန်နေဆဲပါ။

Public Service Announcement

Public Service Announcement

ဆင်းရဲနွမ်းပါးတဲ့ အာဖဂန် မိသားစုတွေမှာ ကလေးငယ်တွေက သံတိုသံစတွေ လိုက်ကောက်ပြီး ပြန်ရောင်းလို့ရတဲ့ ငွေနဲ့ မိသားစုကို ထောက်ပံ့လေ့ ရှိတာကြောင့် ဒီလို စစ်လက်နက် အကြွင်းအကျန်တွေရဲ့ အန္တရာယ်က အရမ်း ကြောက်စရာ ကောင်းနေပါတယ်။ အရင်ကလည်း စစ်လက်နက် အဟောင်းတွေ ပေါက်ကွဲလို့ အာဖဂန်မှာ အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးတာမျိုး သတင်းတွေ ကြားခဲ့ဖူးပါတယ်။

အခု သီတင်းပတ်ကုန် ဖြစ်စဉ်မှာတော့ ကလေးငယ် ၃ ဦးဟာ ပေါက်ကွဲတဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် မိန်းကလေး တစ်ယောက်ကတော့ ဒဏ်ရာတွေ ပြင်းလွန်းတာကြောင့် ဆေးရုံ အရောက်မှ ကွယ်လွန်သွားခဲ့တာပါ။ ဒဏ်ရာရထားတဲ့ တခြား ကလေးငယ်တွေကိုတော့ လက်ရှ်ကာဂါးဟ်က ဆေးရုံတစ်ခုမှာ ဆက်လက် ကုသပေးနေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။