Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အာဖဂန်မှာ အမြောက်ဆန်ဟောင်းနဲ့ ဆော့ကစားကြရာက ပေါက်ကွဲမှုဖြစ်လို့ ကလေး ၄ ဦးသေ

အာဖဂန်ဟာ စစ်ပွဲတွေရဲ့ဒဏ်ကို ဆယ်စုနှစ်တွေနဲ့ချီ သက်ရောက် ခံစားခဲ့ရတဲ့ နိုင်ငံ တစ်ခုဖြစ်ပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက် ပစ္စည်း အကြွင်းအကျန် အစအနတွေ အမြောက်အမြားက လူနေ ဧရိယာတွေနဲ့ မနီးမဝေးမှာ ကြွင်းကျန်နေဆဲပါ။

အာဖဂန် နစ္စတန်က ကျောင်းတစ်ကျောင်းမှာ မပေါက်ကွဲသေးတဲ့ အမြောက်ကျည်ဆန်ဟောင်း တစ်ခုကို ဆော့ကစားကြရာက ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ် ၄ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ကလေးတွေဟာ အဲဒီ ဗုံးဆန်အဟောင်းကြီးကို ဆရာ၊ ဆရာမတွေ မသိဘဲ ကျောင်းထဲထိ သယ်လာကြတာလို့ ရဲတွေက ပြောပါတယ်။ နောက်တော့ ကျောင်းမှာ ရှိနေတဲ့ တခြား ကလေးတွေနဲ့ အတူ ဆော့ကစားကြရင်း ထပေါက်ကွဲခဲ့တာပါ။ ဒီဖြစ်စဉ်ကြောင့် ကလေး ၄ ဦး သေဆုံးပြီး နောက်ထပ် ၃ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

ဟယ်လ်မန် ပြည်နယ် ရဲချုပ်ရုံးက ဘာသာရေးကျောင်း တစ်ခုမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် သေဆုံးတဲ့ ကလေးတွေဟာ အသက် ၇ နှစ်နဲ့ ၁၄ နှစ်ကြား အရွယ်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အာဖဂန်ဟာ စစ်ပွဲတွေရဲ့ဒဏ်ကို ဆယ်စုနှစ်တွေနဲ့ချီ သက်ရောက် ခံစားခဲ့ရတဲ့ နိုင်ငံ တစ်ခုဖြစ်ပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက် ပစ္စည်း အကြွင်းအကျန် အစအနတွေ အမြောက်အမြားက လူနေ ဧရိယာတွေနဲ့ မနီးမဝေးမှာ ကြွင်းကျန်နေဆဲပါ။

Public Service Announcement

Public Service Announcement

ဆင်းရဲနွမ်းပါးတဲ့ အာဖဂန် မိသားစုတွေမှာ ကလေးငယ်တွေက သံတိုသံစတွေ လိုက်ကောက်ပြီး ပြန်ရောင်းလို့ရတဲ့ ငွေနဲ့ မိသားစုကို ထောက်ပံ့လေ့ ရှိတာကြောင့် ဒီလို စစ်လက်နက် အကြွင်းအကျန်တွေရဲ့ အန္တရာယ်က အရမ်း ကြောက်စရာ ကောင်းနေပါတယ်။ အရင်ကလည်း စစ်လက်နက် အဟောင်းတွေ ပေါက်ကွဲလို့ အာဖဂန်မှာ အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးတာမျိုး သတင်းတွေ ကြားခဲ့ဖူးပါတယ်။

အခု သီတင်းပတ်ကုန် ဖြစ်စဉ်မှာတော့ ကလေးငယ် ၃ ဦးဟာ ပေါက်ကွဲတဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် မိန်းကလေး တစ်ယောက်ကတော့ ဒဏ်ရာတွေ ပြင်းလွန်းတာကြောင့် ဆေးရုံ အရောက်မှ ကွယ်လွန်သွားခဲ့တာပါ။ ဒဏ်ရာရထားတဲ့ တခြား ကလေးငယ်တွေကိုတော့ လက်ရှ်ကာဂါးဟ်က ဆေးရုံတစ်ခုမှာ ဆက်လက် ကုသပေးနေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။