Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းအဖွဲ့ တိုက်ပွဲဖြစ်နေ

“ကွတ်ခိုင်မှာက ည ၇နာရီခွဲလောက်ကစပြီး မြောက်ပိုင်းအဖွဲ့က လာတိုက်တာ။ သိန္နီမှာကျတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့(AA ,TNLA, MNDAA)တပ်ဖွဲ့ဝင်များ ။ ဓာတ်ပုံ - AA
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့(AA ,TNLA, MNDAA)တပ်ဖွဲ့ဝင်များ ။ ဓာတ်ပုံ - AA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့်နမ့်ခမ်းမြို့ပတ်ဝန်းကျင်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက်ပိုင်းတိုက်ပွဲဖြစ်ခဲ့ပြီးနောက် ညပိုင်း၌ ကွတ်ခိုင်နှင့်သိန္နီမြို့အနီး တိုက်ပွဲထပ်မံဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

“ကွတ်ခိုင်မှာက ည ၇နာရီခွဲလောက်ကစပြီး မြောက်ပိုင်းအဖွဲ့က လာတိုက်တာ။ သိန္နီမှာကျတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်နှင့် သိန္နီမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နယ်ချင်းစပ်မြို့နယ်များဖြစ်သည်။ မူဆယ်နှင့်နမ့်ခမ်းမြို့ပတ်ဝန်းကျင်တွင် ယနေ့(စက်တင်ဘာလ ၆ရက်) နံနက် ကိုးနာရီခန့်မှ ၁၁နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး ညနေဘက်တွင် တိုက်ပွဲဧရိယာ ကျယ်ပြန့်လာသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဒီရက် ခပ်စိပ်စိပ်လှုပ်ရှားလာတယ်။ ရခိုင်မှာရော၊ ကချင်နဲ့ ရှမ်းပြည်နယ်မှာပါ တိုက်ပွဲအရှိန်မြှင့်လာတယ်လို့ ထင်တယ်”ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ဆိုသည်။ ယနေ့ည တိုက်ပွဲကြောင့် ထိခိုက်ပျက်ဆီးမှုကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရခ်ိုင့်တပ်မတော်(AA)နှင့် ကိုးကန့်လွတ်မြောက်ရေးတပ်မတော်(MNDAA) တို့ ပါဝင်သည်။KIA အခြေစိုက်သည့် ကချင်းပြည်နယ်နှင့် AA အခြေစိုက်သော ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီနှင့်တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။