Connect with us

Hi, what are you looking for?

သတင်း

ကော်ဘရာစစ်ကြောင်းနယ်မြေသို့ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်နေ

ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ မြ၀တီ -ဝေါ်လေးလမ်းအနီးတဝိုက် ဒေသများ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂လကျော်ကြာပြီဖြစ်သည်။

(စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ပစ်ခတ်မှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ပစ်ခတ်မှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော်ဘရာ စစ်ကြောင်းလှုပ်ရှားရာဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

(စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ပစ်ခတ်မှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ပစ်ခတ်မှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ – Cobra Column)

စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံတပ်များသည် မြဝတီ – ဝေါ်လေ လမ်းမအား ဆက်လက်ကျူးကျော်ရန် ကြိုးစားလျက်ရှိပြီး သုံးထပ်ကွေ့အနီး ကျော်ဝါးဘိုး ဘုရားတွင် တပ်စွဲကာ လက်နက်ကြီးများဖြင့် စက်တင်ဘာ ၅ရက်ကတည်းက ပစ်ခတ်နေခြင်းဖြစ်သည်။ စက်တင်ဘာ ၅ရက်နှင့် ၆ရက်က လက်နက်ကြီး ပစ်ခတ်မှုများအတွင်း ကော်ဘရာစစ်သည် နှစ်ဦး ဒဏ်ရာရခဲ့သည်။

Public Service Announcement
Public Service Announcement

ယနေ့တွင်လည်း စစ်ကောင်စီတပ်က (၁၂၀)မမ လက်နက်ကြီးဖြင့် နံနက်ပိုင်းမှ ညပိုင်းအထိလက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ အများပြည်သူလူထု သွားလာလျက်ရှိသော လမ်းမကြီး နှင့် တောတောင်ရေမြေ၊ ပြည်သူ့အိုးအိမ်များ ထိခိုက်ပျက်စီး လျက်ရှိကြောင်း ကော်ဘရာ စစ်ကြောင်းက ပြောသည်။ ယနေ့ တိုက်ခိုက်မှုအတွင်း ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

(စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ပစ်ခတ်မှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ပစ်ခတ်မှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ – Cobra Column)

ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ မြ၀တီ -ဝေါ်လေးလမ်းအနီးတဝိုက် ဒေသများ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂လကျော်ကြာပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။