Connect with us

Hi, what are you looking for?

News

စစ်ဗိုလ်ချုပ်တစ်စုအကျိုးအတွက် အသက်ကိုမစတေးဘဲ ပြည်သူ့ဘက်ရပ်တည်ရန် တပ်မတော်သားများအား မိုးဗြဲ PDFပန်ကြား

“ပြည်သူလူထုဘက်ကို ရပ်တည်လိုက်ခြင်းသည် ပြည်သူ့မေတ္တာကို သိမ်းယူလိုက်ခြင်းဖြစ်သလို အင်မတန်ခက်ခဲသော သူရဲကောင်းလမ်းစဉ်ကို ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်”ဟုလည်း ဖော်ပြထားသည်။

တန်ဖိုးရှိလှသည့်တပ်မတော်သားများ၏ အသက်၊‌သွေး၊ ချွေးများသည် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် နှင့် ဗိုလ်ချုပ်တစ်စု၏ အကျိုးစီးပွားအတွက်စတေးခံ မဖြစ်စေရန်အတွက် ပြည်သူလူထုဘက် ရပ်တည်ရန် မိုးဗြဲပြည်သူကာကွယ်ရေးတပ်ဖွဲ့(PDF)က ပန်ကြားချက်ထုတ်ပြန်သည်။

“ပြည်သူလူထုဘက်ကို ရပ်တည်လိုက်ခြင်းသည် ပြည်သူ့မေတ္တာကို သိမ်းယူလိုက်ခြင်းဖြစ်သလို အင်မတန်ခက်ခဲသော သူရဲကောင်းလမ်းစဉ်ကို ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်”ဟုလည်း ဖော်ပြထားသည်။

ပြည်သူ့ဘက်ကို ရပ်တည်လိုက်ခြင်း အားဖြင့် ခက်ခဲမှုမျိုးစုံ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း ပြည်သူ့စစ်သားများအား နွေးထွေးစွာ ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်အုပ်စု၏ မတရားစေခိုင်းမှုများ၊ ခွဲခြားဆက်ဆံမှုများအောက်က ရုန်းထွက်ရန်ယခုအချိန်သည် ပြည်သူ့စစ်သားများအတွက် အချိန်ကောင်းဖြစ်ကြောင်း၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အပြစ်ပြတ်သည်အထိ အတူတွန်းလှန်ရန် ဖိတ်ခေါ်ကြောင်း မိုးဗြဲ PDF၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ပြည်သူနှင့် လာရောက်ပူးပေါင်းမည့် တပ်မတော်သားများ၏ လုံခြုံရေးကိုအပြည့်အဝတာဝန် ယူပေးမည့်အပြင် စားဝတ်နေရေးအတွက် ပြည်သူ့စစ်သား ( People’s Soldiers )အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်နက်ခဲယမ်းအပြည့်အစုံဖြင့်လာရောက်ပူးပေါင်းပါက ပြည်သူမှပံ့ပိုးထားသော ဆုတော်ငွေများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်သူ့စစ်သားအဖွဲ့ဆိုသည်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMတွင် ပါဝင်ထားသည့် တပ်မတော်အရာရှိများ စုဖွဲ့ထားသည့် အဖွဲ့အစည်းဖြစ်သည်။

အချိန်မီ ပြည်သူ့ဘက် ရပ်တည်ကြပြီး ပြည်သူနှင့်အတူ လာရောက်ပူးပေါင်းရန် အထူးတိုက်တွန်း ပန်ကြားကြောင်း မိုးဗြဲ PDFက ထုတ်ပြန်ခဲ့ပြီး တယ်လီဂရမ်အကောင့် (https://t.me/MobyePDF) နှင့် Chat box (m.me/mobyepdf) တို့မှ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။