Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ဗိုလ်ချုပ်တစ်စုအကျိုးအတွက် အသက်ကိုမစတေးဘဲ ပြည်သူ့ဘက်ရပ်တည်ရန် တပ်မတော်သားများအား မိုးဗြဲ PDFပန်ကြား

“ပြည်သူလူထုဘက်ကို ရပ်တည်လိုက်ခြင်းသည် ပြည်သူ့မေတ္တာကို သိမ်းယူလိုက်ခြင်းဖြစ်သလို အင်မတန်ခက်ခဲသော သူရဲကောင်းလမ်းစဉ်ကို ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်”ဟုလည်း ဖော်ပြထားသည်။

တန်ဖိုးရှိလှသည့်တပ်မတော်သားများ၏ အသက်၊‌သွေး၊ ချွေးများသည် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် နှင့် ဗိုလ်ချုပ်တစ်စု၏ အကျိုးစီးပွားအတွက်စတေးခံ မဖြစ်စေရန်အတွက် ပြည်သူလူထုဘက် ရပ်တည်ရန် မိုးဗြဲပြည်သူကာကွယ်ရေးတပ်ဖွဲ့(PDF)က ပန်ကြားချက်ထုတ်ပြန်သည်။

“ပြည်သူလူထုဘက်ကို ရပ်တည်လိုက်ခြင်းသည် ပြည်သူ့မေတ္တာကို သိမ်းယူလိုက်ခြင်းဖြစ်သလို အင်မတန်ခက်ခဲသော သူရဲကောင်းလမ်းစဉ်ကို ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်”ဟုလည်း ဖော်ပြထားသည်။

ပြည်သူ့ဘက်ကို ရပ်တည်လိုက်ခြင်း အားဖြင့် ခက်ခဲမှုမျိုးစုံ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း ပြည်သူ့စစ်သားများအား နွေးထွေးစွာ ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်အုပ်စု၏ မတရားစေခိုင်းမှုများ၊ ခွဲခြားဆက်ဆံမှုများအောက်က ရုန်းထွက်ရန်ယခုအချိန်သည် ပြည်သူ့စစ်သားများအတွက် အချိန်ကောင်းဖြစ်ကြောင်း၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အပြစ်ပြတ်သည်အထိ အတူတွန်းလှန်ရန် ဖိတ်ခေါ်ကြောင်း မိုးဗြဲ PDF၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ပြည်သူနှင့် လာရောက်ပူးပေါင်းမည့် တပ်မတော်သားများ၏ လုံခြုံရေးကိုအပြည့်အဝတာဝန် ယူပေးမည့်အပြင် စားဝတ်နေရေးအတွက် ပြည်သူ့စစ်သား ( People’s Soldiers )အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်နက်ခဲယမ်းအပြည့်အစုံဖြင့်လာရောက်ပူးပေါင်းပါက ပြည်သူမှပံ့ပိုးထားသော ဆုတော်ငွေများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်သူ့စစ်သားအဖွဲ့ဆိုသည်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMတွင် ပါဝင်ထားသည့် တပ်မတော်အရာရှိများ စုဖွဲ့ထားသည့် အဖွဲ့အစည်းဖြစ်သည်။

အချိန်မီ ပြည်သူ့ဘက် ရပ်တည်ကြပြီး ပြည်သူနှင့်အတူ လာရောက်ပူးပေါင်းရန် အထူးတိုက်တွန်း ပန်ကြားကြောင်း မိုးဗြဲ PDFက ထုတ်ပြန်ခဲ့ပြီး တယ်လီဂရမ်အကောင့် (https://t.me/MobyePDF) နှင့် Chat box (m.me/mobyepdf) တို့မှ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။