မန္တလေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီက နေ့မထွက်အမိန့်နှင့် လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် အရမ်းညီတဲ့ချမ်း/စည် သပိတ်စစ်ကြောင်းသည် ယနေ့နံနက်တွင်ချီတက်လာခဲ့သည်။
မန္တလေးမြို့တွင် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် သပိတ်စစ်ကြောင်းအသီးသီးက နေ့စဥ်မပျက်ချီတက်ဆန္ဒပြနေကြသည်။
ယနေ့နံနက်ကလည်း မန္တလေးမြို့ရှိသပိတ်စစ်ကြောင်းများ စုပေါင်းထားသည့် အထွေထွေတပ်ပေါင်းစုသပိတ်စစ်ကြောင်းမှာ အင်အားအများအပြားဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။























































