Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် မူးယစ်တပ်ဖွဲ့ရဲသုံးဦး ပစ်ခတ်ခံရပြီးတစ်ဦးသေ၊ နှစ်ဦး အသက်လုနေရဟုဆို

“ကားနဲ့ လာပစ်တာ။ တစ်ယောက်တော့ ပွဲချင်းပြီးတယ်တဲ့။ နှစ်ယောက် ဆေးရုံပို့လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်
ဖားကန့်

ဖားကန့်မြို့တွင် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးအပါအဝင် သုံးဦး သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးသည် ဆေးရုံ၌ အသက်လုနေရသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့ မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကိုလတ်အပါအဝင် ရဲသုံးဦးသည် မှော်ဝမ်းရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်အနီးတွင် ယနေ့ညနေ ၅နာရီခန့်က ပစ်ခတ်ခံရခြင်းဖြစ်သည်။

“ကားနဲ့ လာပစ်တာ။ တစ်ယောက်တော့ ပွဲချင်းပြီးတယ်တဲ့။ နှစ်ယောက် ဆေးရုံပို့လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရဲသုံးဦးအား ပစ်ခတ်သည့်အဖွဲ့ကို သိရလျှင်လည်း ထုတ်ပြောမည်မဟုတ်ဟု ဒေသခံအချို့က ဆိုသည်။

Public Service Announcement

Public Service Announcement

“ဆေးရုံက နှစ်ကောင်လည်း အခြေအနေမကောင်းဘူး ကြားတယ်” ဟု ဖားကန့်လူထုသပိတ်တွင် အမြဲတစေပါဝင်နေသူ ဒေသခံလူငယ်တစ်ဦးကပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အားကောင်းသည့် ဖားကန့်တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဒေသခံများအား အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

“စခနဲ့ရခ ပါင်းပြီး လူထုကို လက်နက်အားကိုးနဲ့ ဖိနှိပ်နေတာ။ သေတာတောင်နည်းသေးတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သြဂုတ် ၃ရက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအခြေစိုက် ရဲတပ်ရင်း(၃၀)ဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့ရာ ဒုရဲမှူးကိုကိုလွင်ဆိုသူ သေဆုံးခဲ့သည်။

စက်တင်ဘာ ၈ ရက်ကလည်း စစ်တွေနှင့်မန္တလေးမြို့တွင် ရဲအရာရှိနှစ်ဦး ပစ်ခတ်သုတ်သင်ခံလိုက်ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။