Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် မူးယစ်တပ်ဖွဲ့ရဲသုံးဦး ပစ်ခတ်ခံရပြီးတစ်ဦးသေ၊ နှစ်ဦး အသက်လုနေရဟုဆို

“ ကားနဲ့ လာပစ်တာ။ တစ်ယောက်တော့ ပွဲချင်းပြီးတယ်တဲ့။ နှစ်ယောက် ဆေးရုံပို့လိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်
ဖားကန့်

ဖားကန့်မြို့တွင် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးအပါအဝင် သုံးဦး သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးသည် ဆေးရုံ၌ အသက်လုနေရသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့ မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကိုလတ်အပါအဝင် ရဲသုံးဦးသည် မှော်ဝမ်းရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်အနီးတွင် ယနေ့ညနေ ၅နာရီခန့်က ပစ်ခတ်ခံရခြင်းဖြစ်သည်။

“ ကားနဲ့ လာပစ်တာ။ တစ်ယောက်တော့ ပွဲချင်းပြီးတယ်တဲ့။ နှစ်ယောက် ဆေးရုံပို့လိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရဲသုံးဦးအား ပစ်ခတ်သည့်အဖွဲ့ကို သိရလျှင်လည်း ထုတ်ပြောမည်မဟုတ်ဟု ဒေသခံအချို့က ဆိုသည်။

Public Service Announcement

Public Service Announcement

“ ဆေးရုံက နှစ်ကောင်လည်း အခြေအနေမကောင်းဘူး ကြားတယ်” ဟု ဖားကန့်လူထုသပိတ်တွင် အမြဲတစေပါဝင်နေသူ ဒေသခံလူငယ်တစ်ဦးကပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အားကောင်းသည့် ဖားကန့်တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဒေသခံများအား အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

“ စခနဲ့ရခ ပါင်းပြီး လူထုကို လက်နက်အားကိုးနဲ့ ဖိနှိပ်နေတာ။ သေတာတောင်နည်းသေးတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သြဂုတ် ၃ရက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအခြေစိုက် ရဲတပ်ရင်း(၃၀)ဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့ရာ ဒုရဲမှူးကိုကိုလွင်ဆိုသူ သေဆုံးခဲ့သည်။

စက်တင်ဘာ ၈ ရက်ကလည်း စစ်တွေနှင့်မန္တလေးမြို့တွင် ရဲအရာရှိနှစ်ဦး ပစ်ခတ်သုတ်သင်ခံလိုက်ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်း စစ်တပ်က ပစ်သတ်တာ ခံခဲ့ရတဲ့ ဂျပန် သတင်းထောက်ရဲ့ ဗီဒီယို ကင်မရာထဲက တိပ်ခွေဟာ သက်သေဖျောက်ဖျက်ဖို့ ပြင်ဆင် တည်းဖြတ်ခြင်း ခံထားရဟန်ရှိကြောင်း မိခင် သတင်းဌာနက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်တင်ဘာ ၂၀ရက်ညပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝက်စာရှာထွက်တဲ့မြေးအဘိုး၃ဦးကို စစ်တပ်က ပစ်သတ်လို့ ၂ ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ စစ်တပ်က ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူကို သေနတ်နဲ့လိုက်ပစ်လို့ နေအိမ်ဝင်းထဲ အဝတ်လှန်းနေတဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။