Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ် ကူတော်ရွာကို စစ်ကောင်စီလေကြောင်းမှ အင်အားဖြည့်တင်းနေ

ဘုတလင်မြို့နယ် ကူတော်ရွာအနီးတွင် စက်တင်ဘာ ၉ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်​ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့သည်။

(စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ရှိ ကူတော်ရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်အထိနာပြီး တပ်ဖွဲ့ဝင်နှစ်ဦး ပြည်သူနှင့်ပူးပေါင်းသွားပြီနောက် လေကြောင်းမှတစ်ဆင့် အင်အားအများအပြားဖြည့်တင်းနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

ဘုတလင်မြို့နယ် ကူတော်ရွာအနီးတွင် စက်တင်ဘာ ၉ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်​ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၀ဦးခန့်သေဆုံးခဲ့သည်။ ထို့အပြင် ကူတော်ရဲစခန်းတွင် တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ လက်နက်ခဲယမ်းများယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ချိတ်ဆက်ကာ CDM ပြုလုပ်လာသည်။

“စစ်တပ်က အထိနာသလို သူ့တပ်ဖွဲ့ဝင်တွေကလည်း စွန့်ခွာနေတာဆိုတော့ ရှုံးမဲ မဲမယ့်အခြေအနေအတွက် ကျွန်တော်တို့ ကြိုပြင်ဆင်ထားပါတယ်။ဒီနေ့လည်း ရဟတ်ယာဥ်နဲ့ လူလာချသွားတယ် “ဟု ဘုတလင်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကူတော်ရွာသို့သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် လမ်းခုလတ်တွင် အကြိမ်ကြိမ်မိုင်းခွဲတိုက်ခိုက်ခံနေရပြီးနောက် လေကြောင်းမှတစ်ဆင့် အင်းအားအများအပြားချသွားကြောင်း ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့(စက်တင်ဘာ ၁၂) သတင်းထုတ်ပြန်သည်။

” ဘုတလင်မှ ကူတော်အသွား အကြိမ်ကြိမ် မိုင်းမိတဲ့ စခတွေဟာ ကူတော်ရွာအထိ အရောက်မသွားနိုင်ကြပါ။ ဒီနေ့ နေ့လည်မှာတော့ ဘုတလင်မြို့နယ်မှ ၁၂ မိုင်ခန့်သာဝေးတဲ့ ကူတော်ရွာကို စခ၊ရခများ အင်းအားဖြည့် ချသွားပါတယ်။ ဒဏ်ရာရထားတဲ့ ခတွေကိုလည်း ခေါ်သွားတယ် လို့သိရပါတယ်”ဟု ဘုတလင်မြိုနယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ထို့အပြင် CDM ပြုလုပ်လာသော စစ်သားနှစ်ဦးသည် MA2၊ MA1 အမျိုးအစား သေနတ်နှစ်လက်၊ ကျည်အတောင့် ၄၀၀ ၊ လက်ပစ်ဗုံး ငါး လုံးနှင့် နင်းမိုင်း တစ် ခုကိုပါယူဆောင်လာခဲ့ကြသည်။အဆိုပါစစ်သားနှစ်ဦးကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ဒုံးပျံ Local PDF တပ်ဖွဲ့က တစ်ဦးလျှင် သိန်း ၅၀စီ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။