Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတလင်နယ် ကူတော်ရွာကို စစ်ကောင်စီလေကြောင်းမှ အင်အားဖြည့်တင်းနေ

ဘုတလင်မြို့နယ် ကူတော်ရွာအနီးတွင် စက်တင်ဘာ ၉ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်​ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့သည်။

(စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ရှိ ကူတော်ရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်အထိနာပြီး တပ်ဖွဲ့ဝင်နှစ်ဦး ပြည်သူနှင့်ပူးပေါင်းသွားပြီနောက် လေကြောင်းမှတစ်ဆင့် အင်အားအများအပြားဖြည့်တင်းနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

ဘုတလင်မြို့နယ် ကူတော်ရွာအနီးတွင် စက်တင်ဘာ ၉ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်​ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၀ဦးခန့်သေဆုံးခဲ့သည်။ ထို့အပြင် ကူတော်ရဲစခန်းတွင် တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ လက်နက်ခဲယမ်းများယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ချိတ်ဆက်ကာ CDM ပြုလုပ်လာသည်။

“စစ်တပ်က အထိနာသလို သူ့တပ်ဖွဲ့ဝင်တွေကလည်း စွန့်ခွာနေတာဆိုတော့ ရှုံးမဲ မဲမယ့်အခြေအနေအတွက် ကျွန်တော်တို့ ကြိုပြင်ဆင်ထားပါတယ်။ဒီနေ့လည်း ရဟတ်ယာဥ်နဲ့ လူလာချသွားတယ် “ဟု ဘုတလင်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကူတော်ရွာသို့သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် လမ်းခုလတ်တွင် အကြိမ်ကြိမ်မိုင်းခွဲတိုက်ခိုက်ခံနေရပြီးနောက် လေကြောင်းမှတစ်ဆင့် အင်းအားအများအပြားချသွားကြောင်း ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့(စက်တင်ဘာ ၁၂) သတင်းထုတ်ပြန်သည်။

” ဘုတလင်မှ ကူတော်အသွား အကြိမ်ကြိမ် မိုင်းမိတဲ့ စခတွေဟာ ကူတော်ရွာအထိ အရောက်မသွားနိုင်ကြပါ။ ဒီနေ့ နေ့လည်မှာတော့ ဘုတလင်မြို့နယ်မှ ၁၂ မိုင်ခန့်သာဝေးတဲ့ ကူတော်ရွာကို စခ၊ရခများ အင်းအားဖြည့် ချသွားပါတယ်။ ဒဏ်ရာရထားတဲ့ ခတွေကိုလည်း ခေါ်သွားတယ် လို့သိရပါတယ်”ဟု ဘုတလင်မြိုနယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ထို့အပြင် CDM ပြုလုပ်လာသော စစ်သားနှစ်ဦးသည် MA2၊ MA1 အမျိုးအစား သေနတ်နှစ်လက်၊ ကျည်အတောင့် ၄၀၀ ၊ လက်ပစ်ဗုံး ငါး လုံးနှင့် နင်းမိုင်း တစ် ခုကိုပါယူဆောင်လာခဲ့ကြသည်။အဆိုပါစစ်သားနှစ်ဦးကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ဒုံးပျံ Local PDF တပ်ဖွဲ့က တစ်ဦးလျှင် သိန်း ၅၀စီ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။