Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် ပုလောကုန်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်

“သြဂုတ်လဆန်းပိုင်းလောက်ကတည်းက တပ်စွဲ ထားတာ။စခ အင်အား က ၃၀ လောက်ရှိတယ်”ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(PPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)
(PPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)

“နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်က ဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း Palaw People’s Defence Force(PPDF)က ယနေ့(စက်တင်ဘာ ၁၆ ရက်) ထုတ်ပြန်သည်။

ယမန်နေ့(စက်တာဘာ ၁၅ ရက်) ညနေ ၃နာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့ပြီးလက်နက်ကြီး ၊လက်နက်ငယ်များ ဖြင့် ၁နာရီခွဲခန့် အဆက်မပြတ်အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ယနေ့ နံနက် ၁၁ နာရီ ခန့်တွင်လည်းစစ်ကောင်စီတပ်စွဲထားသည့် ပုလောကုန်းရွာ ကိုထပ်မံ၍သွားရောက်ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

(PPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)
(PPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)

“သြဂုတ်လဆန်းပိုင်းလောက်ကတည်းက တပ်စွဲ ထားတာ။စခ အင်အား က ၃၀ လောက်ရှိတယ်”ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အပြန်အလှန်ပစ်ခတ်မှုများအတွင်း စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့ပြီး မိမိတို့ဘက်မှ ရဲ ဘော် တစ်ဦး လက်နက်ကြီးကျည်စထိမှန်၍ ( မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

(PPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)
(PPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)

စက်တင်ဘာ ၁၂ ရက်ကလည်း “နန်းထိုက်အောင်”စစ်ဆင်ရေးဖြင့် စစ်မှုထမ်းဟောင်းနှင့်စစ်​ကောင်စီခန့်အုပ်ချုပ်ရေးမှူး မောင်ယုအားသုတ်သင်ရှင်းလင်းလိုက်ကြောင်း ပုလောဒေသကာ ကွယ်ရေးတပ်ဖွဲ့ PRDF က ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း “နန်းထိုက်အောင်စစ် ဆင်ရေး”ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ၍ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လက်ကိုတုတ် ဖက်စစ်တပ်၊ ပျူစောထီး တို့ နေထိုင်စခန်းချသော အဆောက်အအုံများ ခန့်ဝေးဝေး နေကြရန်လည်း PPDFက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။