Connect with us

Hi, what are you looking for?

သတင်း

“နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် ပုလောကုန်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်

“သြဂုတ်လဆန်းပိုင်းလောက်ကတည်းက တပ်စွဲ ထားတာ။စခ အင်အား က ၃၀ လောက်ရှိတယ်”ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(PPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)
(PPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)

“နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်က ဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း Palaw People’s Defence Force(PPDF)က ယနေ့(စက်တင်ဘာ ၁၆ ရက်) ထုတ်ပြန်သည်။

ယမန်နေ့(စက်တာဘာ ၁၅ ရက်) ညနေ ၃နာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့ပြီးလက်နက်ကြီး ၊လက်နက်ငယ်များ ဖြင့် ၁နာရီခွဲခန့် အဆက်မပြတ်အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ယနေ့ နံနက် ၁၁ နာရီ ခန့်တွင်လည်းစစ်ကောင်စီတပ်စွဲထားသည့် ပုလောကုန်းရွာ ကိုထပ်မံ၍သွားရောက်ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

(PPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)
(PPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)

“သြဂုတ်လဆန်းပိုင်းလောက်ကတည်းက တပ်စွဲ ထားတာ။စခ အင်အား က ၃၀ လောက်ရှိတယ်”ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အပြန်အလှန်ပစ်ခတ်မှုများအတွင်း စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့ပြီး မိမိတို့ဘက်မှ ရဲ ဘော် တစ်ဦး လက်နက်ကြီးကျည်စထိမှန်၍ ( မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

(PPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)
(PPDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)

စက်တင်ဘာ ၁၂ ရက်ကလည်း “နန်းထိုက်အောင်”စစ်ဆင်ရေးဖြင့် စစ်မှုထမ်းဟောင်းနှင့်စစ်​ကောင်စီခန့်အုပ်ချုပ်ရေးမှူး မောင်ယုအားသုတ်သင်ရှင်းလင်းလိုက်ကြောင်း ပုလောဒေသကာ ကွယ်ရေးတပ်ဖွဲ့ PRDF က ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း “နန်းထိုက်အောင်စစ် ဆင်ရေး”ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ၍ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လက်ကိုတုတ် ဖက်စစ်တပ်၊ ပျူစောထီး တို့ နေထိုင်စခန်းချသော အဆောက်အအုံများ ခန့်ဝေးဝေး နေကြရန်လည်း PPDFက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။