Connect with us

Hi, what are you looking for?

News

NLDပါတီနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးဆက်လက်တိုးတက်အောင်လက်တွဲပူးပေါင်းမည်ဟု တရုတ်ကွန်မြူနစ်ပါတီပြော

“ကျွန်တော်တို့သည် အဆွေတော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ တရုတ် -မြန်မာ ဆက်ဆံရေး ၀ိုင်းဝန်းစောင့်ရှောက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဆက် လက်တိုးတက်အောင် လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများထံသို့ ကောင်းကျိုးပိုမိုသယ်ပိုးရန် ဆန္ဒပြုအပ်ပါသည်” ဟု ရေးသားခဲ့သည်။

အမျိုးသားဒီုမိုကရေစီအဖွဲ့ချုပ်(NLD)က ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့သည့်အပေါ် တရုတ်ကွန်မြူ နစ်ပါတီကလည်း ကျေးဇူးတင်လွှာပြန်လည်ပို့ဆောင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရန်ကုန်ဟု နိုင်ငံတကာရေးရာဌာန တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေကျင်းက ကျေးဇူးတင်လွှာ ပေးပို့ခဲ့ခြင်ဖြစ်သည်။ မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့်ဖော်ပြထားသည့် အဆိုပါ ကျေးဇူးတင်လွှာကို NLD ၏ သတင်းနှင့်ပြန်ကြားရေး ဒီလှိုင်းက တစ်ဆင့် ယနေ့ ဩဂုတ် ၂၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းကျေးဇူးတင်လွှာတွင် “အဆွေတော်ပါတီသည် တရုတ်ကွန်မြူနစ်ပါတီ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အပေါ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့လာသည်ကို ကျေးဇူးဥပကာရတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ နှင့် မြန်မာနိုင်ငံ အမျိုးသးဒီမိုကရေစီအဖွဲ့ချုပ်သည် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံခဲ့ကြပြီး တရုတ် -မြန်မာ ဆက်ဆံရေး ချောမောစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြပါသည်” ဟု ရေးသားထားသည်။

ထို့ပြင် “ကျွန်တော်တို့သည် အဆွေတော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ တရုတ် -မြန်မာ ဆက်ဆံရေး ၀ိုင်းဝန်းစောင့်ရှောက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဆက် လက်တိုးတက်အောင် လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများထံသို့ ကောင်းကျိုးပိုမိုသယ်ပိုးရန် ဆန္ဒပြုအပ်ပါသည်” ဟု ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စာနှင့်ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က “ပြီးခဲ့တဲ့ကာလများမှာ NLD နဲ့ CCP တိုကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံမှုတွေရှိခဲ့ပြီး နှစ်နိုင်ငံအကျိုးစီးပွားနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွေ ရှိတာကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့ နှစ်တစ်ရာပြည့်အခမ်းအနားမှာ NLD ပါတီက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့တဲ့အပေါ် ပြန်ကြားလာတာဖြစ်ပါတယ်။ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုတဲ့ ဆက်ဆံရေးမျိုးကို ဦးတည်တဲ့ သဘောထားဖြစ်လို့ လေးစားပါတယ်” ဟု ပြောကြားခဲ့ကြောင်း ဒီလှိုင်းက ဖော်ပြခဲ့သည်။

လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်သည်တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်း ရေးမှူးချုပ် အဖြစ် တာဝန်ယူထားသူဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်နေသည့်နိုင်ငံ လည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မေတ္တာပို့ဆုတောင်းတာတွေ ပြုလုပ်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။