Connect with us

Hi, what are you looking for?

News

ကုသမှုခံယူနေတဲ့ နိုင်/ကျဉ်းဟောင်းတစ်ဦးကို စစ်ကောင်စီက ဆေးရုံမှာဖမ်းဆီး

“ဆေးရုံကို ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။ သူက အရိုးအကြောဆောင်မှာပါ။ (PDF)သင်တန်းဆင်း ပြန်လာတယ်လို့ စွပ်စွဲပြီးဖမ်းတယ်လို့ သိရပါတယ်”လို့ ကိုရန်ပိုင်စိုးရဲ့ မိတ်ဆွေတစ်ဦးက အတည်ပြုပါတယ်။

ဆေးကုသမှုခံယူနေတဲ့ ပဲခူးမြို့က နိုင်ငံရေးအကျဉ်းသားဟောင်းကိုရန်ပိုင်စိုးအား စစ်ကောင်စီက ယမန်နေ့ညပိုင်းမှာ ဆေးရုံကိုလာရောက်ဖမ်းဆီးလိုက်ပါတယ်။

ကိုရန်ပိုင်စိုးဟာ လွန်ခဲ့တဲ့ သုံးရက်ကစပြီး ပဲခူးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး ပဲခူးမြို့ ဆိုရှယ်လစ် ၁၀ လမ်းက အိမ်ကိုသွားရောက်ရှာဖွေရာမှာ ဆေးရုံတက်နေတဲ့အကြောင်း စစ်ကောင်စီကသိရှိရာက ခုလိုဆေးရုံမှာအဖမ်းခံရတာလို့ ကိုရန်ပိုင်စိုးရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

“တုပ်ကွေးဖြစ်လို့ ဆေးရုံမှာ သွေးရေကြည်သွင်းနေရတာ ၃ ရက်ရှိပြီ။ ညက(သြဂုတ် ၂၅) ၁၂ နာရီမှာ အိမ်မှာလာဖမ်းတာ။ ဆေးရုံတက်နေတယ်ဆိုလို့ ဆေးရုံမှာ သွားဖမ်း။ အခုဆေးရုံမှာပဲရှိသေးတယ်”လို့ ကိုရန်ပိုင်စိုးရဲ့ မိတ်ဆွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ ကိုရန်ပိုင်စိုးကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ထားခဲ့ပြီး လက်ရှိအဖမ်းခံရချိန်မှာလည်း ဆေးရုံမှာလက်ထိပ်ခတ်ခံထားရတယ်လို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဆေးရုံကို ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။ သူက အရိုးအကြောဆောင်မှာပါ။ (PDF)သင်တန်းဆင်း ပြန်လာတယ်လို့ စွပ်စွဲပြီးဖမ်းတယ်လို့ သိရပါတယ်”လို့ ကိုရန်ပိုင်စိုးရဲ့ မိတ်ဆွေတစ်ဦးက အတည်ပြုပါတယ်။

လက်ရှိအခြေအနေမှာ ကိုရန်ပိုင်စိုးနဲ့အတူ မိခင်ဖြစ်သူလည်း ဆေးကုသမှုခံယူနေရပြီး ဖခင်ဖြစ်သူကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။