Connect with us

Hi, what are you looking for?

News

KNU ဒူးပလာယာခရိုင်တွင် ခိုလှုံနေသည့် ဖိနှိပ်ခံဘ၀တူများအပေါ် ရပ်တည်ကာကွယ်သွားမည်ဟု ခရိုင်အတွင်းရေးမှူးပြော

ဩဂုတ် ၂၃ရက်နှင့် ၂၄ရက်က ကော့ကရိတ်မြို့နယ်၌ တိုက်ပွဲ ၄ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့သည်။ဩဂုတ် ၂၆ရက်တွင်လည်း ကြားအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ BGF တပ်စခန်းကို KNU တပ်မဟာ (၆)က သိမ်းပိုက်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်အတွင်း လာရောက်ခိုလှုံသည် ဖိနှိပ်ခံ ဘ၀တူများအပေါ် ရပ်တည်ကာကွယ်ပေးသွားမည်ဟု ခရိုင်အတွင်းရေးမှူးပဒိုစောလစ္စတန်က ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF) အဖွဲ့ဝင်များ ကို လက်မခံရန် KNU တပ်မဟာ(၆)ဒူးပလာယာခရိုင်ဥက္ကဋ္ဌက ဩဂုတ် ၂၄ရက်ကစာဖြင့် ညွှန်ကြားထားကြောင်း Salween Pressက သတင်းဖော်ပြခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး KNU တပ်မဟာ(၆)နယ်မြေတွင် ခိုလှုံနေသူများအပေါ် တပ်မဟာ(၆)၏ သဘောထားကို မေးမြန်းရာ ယင်းကိစ္စအတွက် စိုးရိမ်ပူပန်စရာမရှိကြောင်း ခရိုင်အတွင်းရေးမှူးက ပြောကြားသည်။

“ကျွန်တော်တို့က နိုင်ငံရေးအစည်းအရုံးကြီးဖြစ်ပါတယ်။ ကျွန်တော်တို့မှာ မိတ်ဆွေရန်သူ သတ်မှတ်ချက် ဆိုတာ အတိအကျရှိတယ်။ ကျွန်တော်တို့ မူပိုင်းဆိုင်ရာ အရ ကျွန်တော်တို့ ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့ တော်လှန် ရေးကို လုပ်ဆောင်ခြင်းဖြစ်တယ်။ အဲဒီအပေါ်မှာ ရန်သူ မိတ်ဆွေ သတ်မှတ်ချက်ဆိုတာရှိတယ်။ မူအတိုင်းပဲ ကျွန်တော်တို့ ရပ်တည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ လို့ရန်သူက နှိပ်ကွပ်သောမည်သူတစ်ဦးတစ်ယောက်မဆိုကျွန်တော်တို့က တာဝန်ခံပေးရမယ်ကျွန်တော်တို့ရဲ့သွေးသားချင်းလို့ ကျွန်တော်တို့ရဲ့ ဘ၀တူဖြစ်သူများကို ကျွန်တော်တို့ကရပ်တည်ပြီးတော့ ကာကွယ်ဆောင်ရွက်သွားမှာ ဒါမူပိုင်းဆိုင်ရာ အလုပ်ပဲဖြစ်ပါတယ်”ဟု ပဒိုစောလစ္စတန်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့သည် KNU တပ်မဟာ (၆)နယ်မြေအတွင်းခိုလှုံနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်နေသူများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆောင်ရွက်နေသည့် လူငယ်မျိုးဆက်(Gz) များကို ဝင်ရောက်ရှင်းလင်းရန်ဟု အကြောင်းပြကာ ကော့ကရိတ်မြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလှုပ်ရှားနေ၍ KNU တပ်မဟာ(၆)နှင့် တိုက်ပွဲ ၂ရက် ဆက်ဖြစ်ပွားခဲ့သည်။

ဩဂုတ် ၂၃ရက်နှင့် ၂၄ရက်က ကော့ကရိတ်မြို့နယ်၌ တိုက်ပွဲ ၄ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့သည်။ဩဂုတ် ၂၆ရက်တွင်လည်း ကြားအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ BGF တပ်စခန်းကို KNU တပ်မဟာ (၆)က သိမ်းပိုက်ခဲ့သည်။

အကြမ်မ်းဖက်စစ်အုပ်စုနှင့် BGF တပ်ဖွဲ့ဝင်များက KNU ထိန်းချုပ်နယ်မြေအတွင်းရှိ CDM များ၊ Gzများကို ဝင်ရောက်ရှင်းလင်းမည်ဟု သတင်းများ ရရှိထားကြောင်း ထိန်းချုပ်နယ်မြေအတွင်း၌ KNU တပ်စခန်းများသာ ရှိသည့်အတွက် အကြမ်းဖက်စစ်အုပ်စုဘက်မှ ထိုးစစ်ဆင်လာပါက ခိုလှုံသူများနှင့် ဒေသခံများ စစ်ဘေးရှောင်ကြရမည်ဖြစ်ကြောင်း၊ တားမြစ်နယ်မြေကို ကျော်လာပါက တိုက်ပွဲများ ဖြစ်လာမည်ဖြစ်ကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။