Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် ငှက်ပျောတောရွာကို မီးရှို့ဖျက်ဆီးလာသည့် စစ်အုပ်စုကို မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးသည်။

(ငှက်ပျောတောရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ်၊ဓာတ်ပုံ -CJ)
(ငှက်ပျောတောရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ်၊ဓာတ်ပုံ -CJ)

တန့်ဆည်မြို့နယ် ငှက်ပျောက်တောကျေးရွာအား မီးရှို့ဖျက်ဆီးပြီးပြန်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – K.P.K က ယနေ့ (စက်တင်ဘာ ၂၆)ထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၂၅ ရက်)က ငှက်ပျောတောရွာဘက်မှထွက်လာသော စစ်ကောင်စီတပ်အား ကပေါင်းကျရွာအဝင်၌ အသင့်ပြင်ထားသော တိုက်မိုင်းများအနက် နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

“ဒဏ်ရာရစခများအား ရွာအရှေ့ဘက်ရှိခေါတော၌ ဆေးကုသနေကြကြောင်း သိရသည်”ဟု Guerrilla Warfare – K.P.K က ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းတွင်လည်း ကပေါင်းကျအရှေ့ရွာနှင့်ခေါတောရွာအား ကူးလူသွားလာနေကြသော စစ်အုပ်စုကိုနောက်ထပ် တိုက်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၀ဦးခန့် ထိခိုက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရွာအရှေ့ဘက်ရှိခေါတော၌ စုစုပေါင်းစစ်ကောင်စီတပ်သား ၂၀ခန့် ဆေးကုသမှု ခံယူနေကြကြောင်းသိရသည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။