Connect with us

Hi, what are you looking for?

News

KIA တပ်မဟာ(၆)နယ်မြေတွင် ကိုးကန့်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်တိုက်ဖြစ်နေ

KIA နယ်မြေများအတွင်း လတ်တလော စစ်ရေးအခြေ အနေများကို မေးမြန်းရာ ပြီးခဲ့သည့် ရက်ပိုင်းက ပူတာအိုမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရှမ်းမြောက် မုံးကိုးဒေသ၌ ကိုးကန့်အဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ၎င်းက ပြောသည်။

People's Spring
People's Spring

ကချင်လက်နက်ကိုင်အဖွဲ့(KIA) တပ်မဟာ(၆)၊ တပ်ရင်း (၃၆)နယ်မြေ ရှမ်းပြည်နယ် မုံးကိုးဒေသ၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ဒေသခံပြည်သူများ အခက်အခဲကြုံနေကြရကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

KIA နယ်မြေများအတွင်း လတ်တလော စစ်ရေးအခြေ အနေများကို မေးမြန်းရာ ပြီးခဲ့သည့် ရက်ပိုင်းက ပူတာအိုမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရှမ်းမြောက် မုံးကိုးဒေသ၌ ကိုးကန့်အဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ၎င်းက ပြောသည်။

“အဲဒီဟာက ကျွန်တော်တို့ တပ်မဟာ(၆) တပ်ရင်း ၃၆နယ်မြေမှာ ဖြစ်ပါတယ်။ ကိုးကန့် လက်နက်ကိုင် အဖွဲ့တွေလည်း ကျွန်တော်တို့ နယ်မြေမှာ နေပြီး တိုက်ပွဲဖြစ်တာတွေရှိပါတယ် အဲဒီမှာတိုက်ပွဲဖြစ်တော့ ပြည်သူလူထုအတွက်လည်း စစ်ဘေးရှောင်ရတာရှိပါတယ်။ အဲဒီမှာတော့ ကျွန်တော်တို့ ကချင်ပြည်သူလူ ထုတွေများပါတယ်။ အဲဒီတော့ မိုးတွင်းအချိန်ကာလလည်းဖြစ်နေတယ်။ နောက်ကိုဗစ်ရောဂါက လည်းတော်တော်လေး ကူးစက်ပြန့်နှံ့နေတဲ့ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။

တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာသည်နှင့်အမျှ ပြည်သူလူထုများ ဒုက္ခပိုမိုကြုံတွေ့ကြရမည်ဖြစ်ကြော်ငး ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကိုးကန့်လက်နက်ကိုင်အဖွဲ့၏ ဩဂုတ် ၂၃ရက် ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ ကျူးကျော်ရန်စမှုကြောင့် ဒေသတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ လက်ရှိတွင် မုံးကိုးခရိုင်ကျေးရွာအချို့၏ စားနပ်ရိက္ခာလမ်း ကြောင်းကို စစ်ကောင်စီက ဖြတ်တောက်ထား၍ ဒေသခံများ စားနပ်ရိက္ခာအခက်အခဲ ဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လလယ်က ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဇူလိုင်လလယ်မှစ၍ မူဆယ်မြို့နယ် မုန်းကိုးဒေသနှင့် ပန်ဆိုင်းဒေသတို့၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook