Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း အရေးကြီးပုဂ္ဂိုလ်သွားလာမှုနှင့် တပ်သားများသေဆုံးမှု ကြေးနန်းစာမသုံးရန် စစ်ကောင်စီညွှန်ကြား

အာဏာသိမ်းစစ်ကောင်စီတပ်ကို တစ်နှစ်ကျော် ကြာသည်အထိ လက်လုပ်နှင့် မိုင်းများဖြင့်သာ အဓိကထားတိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများက အကြမ်းဖက်စစ်ကောင်စီတပ် အထိနာအောင် စွမ်းဆောင်နိုင်​နေသည်။

စစ်ကိုင်းတိုင်းအတွင်း အရေးကြီးပုဂ္ဂိုလ်သွားလာမှုနှင့် တပ်သားများသေဆုံးမှု ကြေးနန်းစာမသုံးရန် စစ်ကောင်စီညွှန်ကြား
စစ်ကိုင်းတိုင်းအတွင်း အရေးကြီးပုဂ္ဂိုလ်သွားလာမှုနှင့် တပ်သားများသေဆုံးမှု ကြေးနန်းစာမသုံးရန် စစ်ကောင်စီညွှန်ကြား

စစ်ကိုင်းတိုင်းအတွင်း အရေးကြီးပုဂ္ဂိုလ်နှင့် တိုင်းမှူးသွားလာလှုပ်ရှားမှု အပါအဝင် တပ်သားများထိခိုက်သေဆုံးမှုကို ကြေးနန်းများ ရေးသားဖော်ပြခြင်းမပြုရန် စစ်ကောင်စီက ညွှန်ကြားသည်။

အဆိုပါ ညွှန်ကြားစာအရ စက်တင်ဘာ ၂၆ ရက် ရက်စွဲဖြင့် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းအစိုးရ နယ်စပ်ရေးနှင့်လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေအတွင်း အထက်ဌာနေများသို့ ပေးပို့သည့် အစီရင်ခံစာများ၊ ကြေးနန်းများ၌ အရေးကြီး ပုဂ္ဂိုလ်သွား လာလှုပ်ရှားမှု၊တိုင်းမှူး၏ လှုပ်ရှားသွားလာမှု၊ စစ်တပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု ဖြစ်စဉ်များတွင် စစ်ကောင်စီတပ်မှ ထိခိုက်၊ ဒဏ်ရာရမှုများ ထည့်သွင်းမဖော်ပြရန် ညွှန်ကြားစာ၌ ပါရှိသည်။

“အဓိကတော့ စခ တွေအနေနဲ့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဆွဲမိုင်း၊တိုက်မိုင်းတွေကို အကြီးအကျယ်ကြောက်တယ်။နောက်တစ်ခုက စခ တွေအနေနဲ့ အခုလည်း သေရင်တောင် မိသားစုတွေတောင်သိခွင့်မရပဲ သိ က္ခာမရှိသေနေကြရတာကို ဖုံးကွယ်ချင်လို့ အခုလို ညွှန်ကြားလာတာလို့ သတ်မှတ်လို့ရတယ်”ဟု အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုမှ ဗိုလ်ပေါက်စီက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်ကို တစ်နှစ်ကျော် ကြာသည်အထိ လက်လုပ်နှင့် မိုင်းများဖြင့်သာ အဓိကထားတိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများက အကြမ်းဖက်စစ်ကောင်စီတပ် အထိနာအောင် စွမ်းဆောင်နိုင်​နေသည်။

ထို့အပြင် ယမန်နှစ် နှစ်လယ်ပိုင်းကတည်းက စစ်ကောင်စီကစစ်ဆင်ရေး အမည်မျိုးစုံဖြင့် စစ်ကိုင်းရှိ မြို့ နယ်များသို့ အဆက်မပြတ် စစ်ကြောင်းထိုးနေဆဲ ဖြစ်သည်။

သို့သော် စစ်ကောင်စီက ၎င်းလက်အောက်ခံ ပျူစောထီးလက်နက်ကိုင် အဖွဲ့ကို ဖွဲ့စည်းပြီးကျေးရွာ များမီးရှို့ခြင်း၊အမျိုးသမီးများ မုဒိမ်းပြုကျင့် ခြင်း၊ကလေးငယ်များကို သတ်ဖြတ်မှုဖြင့်သာ စစ်ကိုင်းတိုင်းကို စစ်ဦးချိုးရန် ကြမ်းတမ်းသည့်စစ်ရာဇဝတ်မှု အမြောက်အမြားကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။