Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထိခိုက် သေဆုံးမှုများနိုင် ၊PDF ရဲဘော်များလည်း ဒဏ်ရာရ

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၉ရက်တွင် ထီးချိုင့်မှ ထွက်ခွာလာရာ ပေါက်ကုန်းရွာအဝင်နားတွင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု Tigyaing Revolution က သတင်းဖော်ပြသည်။

ထီးချိုင်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထိခိုက် သေဆုံးမှုများနိုင် ၊PDF ရဲဘော်များလည်း ဒဏ်ရာရ
ထီးချိုင်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထိခိုက် သေဆုံးမှုများနိုင် ၊PDF ရဲဘော်များလည်း ဒဏ်ရာရ

▪️စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကိုရင်တစ်ပါးနှင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်က က စစ်ကြောင်းထိုးလှုပ်ရှားလာ၍ ယမန်နေ့နှင့် ယနေ့တွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ ကိုရင်တစ်ပါးနှင့် အမျိုးသမီးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံက ပြောသည်။

“မနေ့တုန်းက ပေါက်ကုန်းရွာက အသက် ၂၀ အမျိုးသမီး ဒုတိယနှစ် ကျောင်းသူတစ်ဦး လက်နက်ကြီး ထိမှန်ပြီး ကျတယ်။ ဒီနေ့က ထီးချိုင့်မှာ ကိုရင်လေး ဆွမ်းခံရင်း လက်နက်ကြီး ထိပြီးမှ ပျံလွန်တော်မူသွားတယ် ပြောတယ်။ စစ်ကောင်စီက ရမ်းပစ်တာ။ ”ဟု ထီးချိုင့်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၉ရက်တွင် ထီးချိုင့်မှ ထွက်ခွာလာရာ ပေါက်ကုန်းရွာအဝင်နားတွင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု Tigyaing Revolution က သတင်းဖော်ပြသည်။

ပေါက်ကုန်းရွာအဝင် တိုက်ပွဲမှာ ၃နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်၍ ပေါက်ကုန်းဘုန်းကြီးကျောင်း၌ စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။ ပြည်သူ့ နေအိမ်အများပြား နှင့်ဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင် လက်နက်ကြီး ထိမှန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့(စက်တင်ဘာ ၃၀ရက်)တွင်လည်း စစ်ကောင်စီတပ်သည် ပေါက်ကုန်းရွာမှ ထီးချိုင့်မြို့ဘက်သို့ ပြန်လည် ဆုတ်ခွာစဉ် တည်တောရွာအနီး၌ ထပ်မံတိုက်ပွဲဖြစ်ခဲ့ကြောင်း အသိပေးထားသည်။

၄နာရီကြာတိုက်ပွဲဖြစ်ခဲ့ပြီး ထီးချိုင့်မြို့ပေါ်မှ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူးပေးခဲ့ရာ နဝရတ် ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲပြီးဆွမ်းချိုင့်ကောက်လာသော ဝေပုလ္လ ဘုန်းကြီး ကျောင်းမှ ကိုရင်တစ်ပါး ဦးခေါင်းပွင့် သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။ ထို့ပြင် အရပ်သား လင်မယား နှစ်ဦး မိုင်းစထိ ဒဏ်ရာရကာ အမျိုးသားမှာ ခြေထောက်ဖြတ်လိုက်ရသည်ဟု ဆိုသည်။

တည်တောရွာအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပြီး ရွာသား နှစ်ဦး ဒဏ်ရာရဲ့ကြောင်း အသိပေးထားသည်။

“ဒေသအခြေအနေက ပစ်တာခတ်တာငြိမ်သွားပြီ။ မနက်ပိုင်းကတော့ ဆက်တိုက် ပဲလှော်ဖောက်သလို တ၀ုန်း၀ုန်း လက်နက်ကြီးပစ်တာ။ အရင်တုန်းက မြို့ထဲတွေ မရောက်ဘူး။အခုက မြို့ထဲကိုပါ ပစ်တာဆိုတော့ တော်တော်ဆိုးတာပေါ့ မြို့တော့ တော်တော် တိတ်ဆိတ်သွားတာ” ဟု ဒေသခံက ပြောသည်။

တိုက်ပွဲ နှစ်ရက်တာတိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ၁၀ဦးခန့် လက်နက်ကြီးကျည်ထိကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီးတစ်ဦးမှာ ကျန်းမာရေးကြောင့် အမောဖောက်ကာ ကျဆုံးခဲ့သည်ဟု TRက ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ အထိအခိုက်ကျဆုံးများနိုင်ပြီး အတိအကျ မသိရသေးကြောင်း ထီးချိုင့်နယ်ရှိ တည်တော၊သခွတ်ချောင်၊ကျက်သရေချောင်း၊ပေါက်ကုန်း၊ကွင်းကြီး ၊ရွာသစ်ကုန်းမှ ပြည်သူအများအပြား စစ်ရှောင်ခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။