Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-အမြင့်လမ်းကို စစ်ကောင်စီက ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီး

လမ်းပိုင်းပျက်စီးသွားခြင်းကြောင့် မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်နေ ပြည်သူများအတွက် ကုန်သွယ် ရေး၊ လမ်းသွားလာရေးခက်ခဲလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဖျက်ဆီးသွားသော မုံရွာ-အမြင့်လမ်းအား တွေ့ရစဥ်၊ ဓာတ်ပုံ- စွမ်းလင်းထက် (မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)
စစ်ကောင်စီတပ်က ဖျက်ဆီးသွားသော မုံရွာ-အမြင့်လမ်းအား တွေ့ရစဥ်၊ ဓာတ်ပုံ- စွမ်းလင်းထက် (မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မုံရွာ- အမြင့်လမ်းအား စစ်ကောင်စီက မြေကော်စက်(ဘူဒိုဇာ)ဖြင့်ထိုး ဖျက်ဆီးသွား၍ ယာဥ်များသွားလာ၍ မရတော့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၄ ရက်) မွန်းလွဲ ၂နာရီခန့်က စစ်ကောင်စီတပ်သည် စစ်ကားကြီးတစ်စီး၊ အိမ်စီးကားတစ်စီး အင်အား၃၀ခန့်ဖြင့် မုံရွာမြို့ ညောင်ပင် ဇောက်ရပ်ကွက်တောင်ဘက်အထွက် မုံရွာ-အမြင့်လမ်း ကျောက်ပေါက်ကွေ့သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ညနေ ၃နာရီခန့်တွင် မုံရွာ-အမြင့်ကားလမ်းအား မြေကော်စက်(ဘူဒိုဇာ)ဖြင့် ထိုးဖျက် ဆီးသွားခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“မုံရွာ-အမြင့်လမ်းဟာ မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်အတွက် အဓိကအရေးကြီးသောလမ်းပိုင်းဖြစ်ပြီး ယခုလိုဖျက်ဆီးသွားခြင်းမှာ ကားများ သွား၍ မရအောင် ဖျတ်ဆီးသွားခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။”ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

Public Service Announcement

Public Service Announcement

လမ်းပိုင်းပျက်စီးသွားခြင်းကြောင့် မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်နေ ပြည်သူများအတွက် ကုန်သွယ် ရေး၊ လမ်းသွားလာရေးခက်ခဲလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတွေကို သွားမရအောင်လုပ်တာနေမှာ။ တစ်မျိုးပြီးတစ်မျိုးကို လုပ်နေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

မုံရွာ-အမြင့်လမ်းဘေးတစ်လျှောက် ကျေးရွာများသည် စစ်အာဏာရှင်ကို ဆန့်ကျင်မှုအားကောင်းရာဒေသများဖြစ်ပြီး အဆိုပါလမ်းပိုင်းရှိ ကျေးရွာအများအပြားအား စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။