Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-အမြင့်လမ်းကို စစ်ကောင်စီက ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီး

လမ်းပိုင်းပျက်စီးသွားခြင်းကြောင့် မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်နေ ပြည်သူများအတွက် ကုန်သွယ် ရေး၊ လမ်းသွားလာရေးခက်ခဲလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဖျက်ဆီးသွားသော မုံရွာ-အမြင့်လမ်းအား တွေ့ရစဥ်၊ ဓာတ်ပုံ- စွမ်းလင်းထက် (မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)
စစ်ကောင်စီတပ်က ဖျက်ဆီးသွားသော မုံရွာ-အမြင့်လမ်းအား တွေ့ရစဥ်၊ ဓာတ်ပုံ- စွမ်းလင်းထက် (မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မုံရွာ- အမြင့်လမ်းအား စစ်ကောင်စီက မြေကော်စက်(ဘူဒိုဇာ)ဖြင့်ထိုး ဖျက်ဆီးသွား၍ ယာဥ်များသွားလာ၍ မရတော့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၄ ရက်) မွန်းလွဲ ၂နာရီခန့်က စစ်ကောင်စီတပ်သည် စစ်ကားကြီးတစ်စီး၊ အိမ်စီးကားတစ်စီး အင်အား၃၀ခန့်ဖြင့် မုံရွာမြို့ ညောင်ပင် ဇောက်ရပ်ကွက်တောင်ဘက်အထွက် မုံရွာ-အမြင့်လမ်း ကျောက်ပေါက်ကွေ့သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ညနေ ၃နာရီခန့်တွင် မုံရွာ-အမြင့်ကားလမ်းအား မြေကော်စက်(ဘူဒိုဇာ)ဖြင့် ထိုးဖျက် ဆီးသွားခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“မုံရွာ-အမြင့်လမ်းဟာ မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်အတွက် အဓိကအရေးကြီးသောလမ်းပိုင်းဖြစ်ပြီး ယခုလိုဖျက်ဆီးသွားခြင်းမှာ ကားများ သွား၍ မရအောင် ဖျတ်ဆီးသွားခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။”ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

Public Service Announcement

Public Service Announcement

လမ်းပိုင်းပျက်စီးသွားခြင်းကြောင့် မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်နေ ပြည်သူများအတွက် ကုန်သွယ် ရေး၊ လမ်းသွားလာရေးခက်ခဲလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတွေကို သွားမရအောင်လုပ်တာနေမှာ။ တစ်မျိုးပြီးတစ်မျိုးကို လုပ်နေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

မုံရွာ-အမြင့်လမ်းဘေးတစ်လျှောက် ကျေးရွာများသည် စစ်အာဏာရှင်ကို ဆန့်ကျင်မှုအားကောင်းရာဒေသများဖြစ်ပြီး အဆိုပါလမ်းပိုင်းရှိ ကျေးရွာအများအပြားအား စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

Facebook