Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်​အောက်ခံပျူများကPDFအယောင်​ဆောင်ပြီး ကူညီရေးဝန်ထမ်းများကို တိုက်ခိုက်နေဟု ကုလနှင့် နိုင်ငံတကာအဖွဲ့များအား NUG အသိပေး

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပန်ကြားချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။

စစ်ကောင်စီ လက်အာက်ခံပျူစောထီး အဖွဲ့များသည် စစ်ဘေးရှောင်ပြည်သူများထံ သွားရောက်ကူညီနေသည့် ကုလသမဂ္ဂဝန်ထမ်းများအား ပြည်သူ့ကာကွယ်ရေးတပ်(PDF) အယောင်ဆောင်တိုက်ခိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဂုဏ်သိက္ခာကျဆင်းအောင် စီမံချက်ချဆောင်ရွက်နေကြောင်းသိရှိရသည်ဟု NUG ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ယနေ့တွင် အသိပေးကြေညာချက် ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပန်ကြားချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။

အဆိုပါ အခြေအနေများကြောင့် ကုလအဖွဲ့အစည်းများ အနေဖြင့် NUG စိုးမိုးနယ်မြေများဖြစ်သော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ကို သွားရောက်၍ အကူအညီပေးလုပ်ငန်းများ ဆောင်ရွက်လျင် လုံခြုံရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများတွင် ဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ(ပအဖ)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များက ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြား ဆက်သွယ်ဆောင်ရွက်ပါရန် လေးစားစွာ အသိပေးအကြောင်းကြားသည်ဟု ပန်ကြားချက်၌ ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။