Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလက်​အောက်ခံပျူများကPDFအယောင်​ဆောင်ပြီး ကူညီရေးဝန်ထမ်းများကို တိုက်ခိုက်နေဟု ကုလနှင့် နိုင်ငံတကာအဖွဲ့များအား NUG အသိပေး

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပန်ကြားချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။

စစ်ကောင်စီ လက်အာက်ခံပျူစောထီး အဖွဲ့များသည် စစ်ဘေးရှောင်ပြည်သူများထံ သွားရောက်ကူညီနေသည့် ကုလသမဂ္ဂဝန်ထမ်းများအား ပြည်သူ့ကာကွယ်ရေးတပ်(PDF) အယောင်ဆောင်တိုက်ခိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဂုဏ်သိက္ခာကျဆင်းအောင် စီမံချက်ချဆောင်ရွက်နေကြောင်းသိရှိရသည်ဟု NUG ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ယနေ့တွင် အသိပေးကြေညာချက် ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပန်ကြားချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။

အဆိုပါ အခြေအနေများကြောင့် ကုလအဖွဲ့အစည်းများ အနေဖြင့် NUG စိုးမိုးနယ်မြေများဖြစ်သော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ကို သွားရောက်၍ အကူအညီပေးလုပ်ငန်းများ ဆောင်ရွက်လျင် လုံခြုံရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများတွင် ဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ(ပအဖ)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များက ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြား ဆက်သွယ်ဆောင်ရွက်ပါရန် လေးစားစွာ အသိပေးအကြောင်းကြားသည်ဟု ပန်ကြားချက်၌ ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။