Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ

ယနေ့ (အောက်တိုဘာ ၇ ရက်) နံနက် ၇ နာရီခန့်က သင်တောကျေးရွာမှ စစ်ကောင်စီတပ်များသည် အရှေ့မြောက်ဘက်ရှိ အောက်တဲရွာဘက်သို့ ဦးတည်ထွက်ခွာလာသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် စစ်ကြောင်း ဆက်ထိုးနေ၍ ပြည်သူအများအပြား ထပ်မံတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာ ၇ ရက်) နံနက် ၇ နာရီခန့်က သင်တောကျေးရွာမှ စစ်ကောင်စီတပ်များသည် အရှေ့မြောက်ဘက်ရှိ အောက်တဲရွာဘက်သို့ ဦးတည်ထွက်ခွာလာသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ​၍ တိမ်းရှောင်နေကြသည့် သင်တောနှင့် ဇော်ချောင်းရွာမှ စစ်ဘေးရှောင်ပြည်သူအချို့သည် ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

လက်ရှိတွင် စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်ပြည်သူ ၇,၅၀၀ ခန့်ရှိပြီး ကန့်ဘလူခရိုင်တစ်ခုလုံး စစ်ရှောင် ၃သောင်းနီးပါးခန့်ရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အဲ့ရွာနားတွေကတော့ ဆက်တိုက်ပြေးနေတဲ့သဘောပါဗျ။ ထပ်တိုးတော့ အတိအကျမသိရသေးဘူး။”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

အဆိုပါစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၆ ရက် နံနက် ၁၁ နာရီ ၄၀ ခန့်က ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ဇော်ချောင်းရွာအား လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ပြိီးနောက် မွန်းလွဲပိုင်းတွင် သင်တောရွာသို့ လက်နက်ကြီးများပစ်ပြီး ထပ်မံဝင်ရောက်ခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ ၊ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကောင်စီတပ်သည် ဇော်ချောင်းရွာကို ယခုနှစ်နှစ်လယ်ပိုင်းက နေအိမ်တစ်လုံးကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၈ ရက်တွင် အိမ်ခြေ(၉၃)လုံး၊ ​အောက်တိုဘာ ၄ ရက်က အိမ်ခြေ သုံးလုံး၊ စုစုပေါင်း အိမ်ခြေ ၉၇လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့က ပြောသည်။

ဇော်ချောင်းကျေးရွာသည် အိမ်ခြေ ၁၈၀ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ခန့်ရှိကာ ယခုအခါရွာလုံးကျွတ် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။