Connect with us

Hi, what are you looking for?

သတင်း

မင်းပြားမြို့နယ်တွင် AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် လက်နက်ကြီးပစ်၍ ဒေသခံခြောက်ဦး ဒဏ်ရာရ

လတ်တလော စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသနှင့် ပလက်၀မြို့နယ်တို့တွင် စစ်ဘေးရှောင် ရှစ်သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလောင်းပြင်ကျေးရွာက ဒဏ်ရာရရှိခဲ့သူများ၊ဓာတ်ပုံ-Western News- WN)
(စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလောင်းပြင်ကျေးရွာက ဒဏ်ရာရရှိခဲ့သူများ၊ဓာတ်ပုံ-Western News- WN)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ယနေ့ (အောက်တိုဘာ ၇ရက်) နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“မင်းပြားမှာကတော့ မင်းပြားနဲ့ မြေပုံဆက်သွယ်ထားတဲ့ တံတားပေါ်မှာ ၃ရက်နေ့လောက်ကတည်းက အင်အား ၂၀၀ လောက် စခန်းချနေတဲ့ဟာကို AAက လာပြီးတိုက်တာ။ လက်နက်ကြီးနဲ့ တိုက်တာ။ အဲဒီမှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်တယ်။ ဆိုတော့ မြို့ပေါ် တပ်ကနေ လက်နက်ကြီးပစ်လို့ ရွာထဲကျလို့ ရွာသား ခြောက်ယောက် ဒဏ်ရာရတာရှိတယ်” ဟု ရခိုင်ဒေသခံက ပြောသည်။

(စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလောင်းပြင်ကျေးရွာက ဒဏ်ရာရရှိခဲ့သူများ၊ဓာတ်ပုံ-Western News- WN)
(စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလောင်းပြင်ကျေးရွာက ဒဏ်ရာရရှိခဲ့သူများ၊ဓာတ်ပုံ-Western News- WN)

မင်းပြားမြို့ ကျိန်တော်နှင့် ကြပ်စင်တံတားအနီး ယနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်၍ ဖလောင်းပြင်ကျေးရွာမှ ကလေးငယ်နှင့် သက်ကြီးရွယ်အို အချို့အပါအဝင် ပြည်သူ ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်း တသင်းဌာန Border News Agencyက ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

လမ်းများ ပိတ်ထား၍ ဒဏ်ရာရသူများကို ဆေးရုံသို့ မပို့ဆောင်နိုင်သေးဘဲ ချော်ချောင်း ကျေးရွာရှိ ဆေးခန်းသို့ ပို့ထားရကြောင်းလည်း ဒေသခံရွာသားများကို ကိုးကားပြီး BNA သတင်းကဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလောင်းပြင်ကျေးရွာက ဒဏ်ရာရရှိခဲ့သူများ၊ဓာတ်ပုံ-Western News- WN)
(စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလောင်းပြင်ကျေးရွာက ဒဏ်ရာရရှိခဲ့သူများ၊ဓာတ်ပုံ-Western News- WN)

“ရွာသားတွေကတော့ မရှောင်ဘူးလို့ပြောတယ်။ ဘာဖြစ်လို့လည်းဆိုရင် သူတို့က တခြားနေရာကို ပြေးဖို့ ရှောင်ဖို့အတွက် အဆင်မပြေဘူး ။ မြို့ပေါ် လာဖို့ဆိုရင်လည်း လမ်းမှာ စစ်တပ်က ကားလမ်းကို အစစ်အဆေးလုပ်နေတာကိုး။ အခုက တိုက်ပွဲဖြစ်ရင် ဖြစ်တဲ့နေရာပဲ မဟုတ်ဘဲနဲ့ အခြား တပ်က အထိုင်နေရာတွေ တပ်ရင်းတွေကလည်း လက်နက်ကြီး လှမ်းပစ်တာတွေရှိတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ရခိုင်ဒေသ၌ စစ်ရေးလှုပ်ရှားမှု အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသခံက ပြောသည်။ စစ်တွေ၌လည်း စစ်အင်အားများ ဖြည့်ထားပြီး မောင်တောဘက်သို့ ပို့ဆောင်သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် ဘူးသီးတောင်နှင့် ရသေ့တောင်ကြား၌လည်း လက်နက်ကြီး ပစ်ခတ်မှုများ ဆက်ရှိနေသည်ဟုဆိုသည်။ မောင်တော – ဘူးသီးတောင် ကားလမ်း၌လည်း စစ်ကောင်စီတပ်က အင်အားအများအပြား ချထားကြောင်း ဒေသခံက ပြောသည်။

“ဒီရက်ပိုင်း အသစ်ရောက်တဲ့ တပ်မ(၇၇)က အင်အား ၆၀၀က သူတို့က နယ်ဘက်တွေကို အင်အားဖြည့်တာ မဟုတ်ဘဲ မောင်တောမြို့ပေါ်နဲ့ မောင်တောမြို့အဝင်မှာ ရှိတဲ့ နယ်ခြားစောင့်တပ်ရင်းမှာ အင်အားဖြည့်ထားတယ်လို့ ပြောနေကြတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

လာမည့် ကာလအတွင်း ရခိုင်ဒေသ၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ဒေသခံက သုံးသပ်သည်။

(စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလောင်းပြင်ကျေးရွာက ဒဏ်ရာရရှိခဲ့သူများ၊ဓာတ်ပုံ-Western News- WN)
(စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလောင်းပြင်ကျေးရွာက ဒဏ်ရာရရှိခဲ့သူများ၊ဓာတ်ပုံ-Western News- WN)

“ဒေသခံတွေက အရင်ထက်စာရင် ပိုပြီး စစ်ဘေးရှောင်တွေများလာတယ်။ အကြပ်အတည်းတွေပိုဖြစ်လာတာပေါ့။ သွားလာရေးရောဘာရော။ အခုက လမ်းတွေပိတ်တာ ကူညီရေးအဖွဲ့တွေ ပိတ်တာတင်မကဘူးဒေသခံတွေတောင် တစ်နေရာနဲ့ တစ်နေရာ တစ်ရွာနဲ့ တစ်ရွာ သွားလာဖို့တောင် ပိတ်ထားတာ ဆိုတော့ ကြာလာရင် ပြည်သူတွေ အငတ်ဘေးဆိုက် တော့မယ်” ဟု ဒေသခံက ပြောသည်။

လတ်တလော စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသနှင့် ပလက်၀မြို့နယ်တို့တွင် စစ်ဘေးရှောင် ရှစ်သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။

“ထွက်ပြေးတိမ်းရှောင်တဲ့အဆင့်မဟုတ်ဘဲ နေရပ်စွန့်ခွာတဲ့အဆင့်တောင်ဖြစ်လာတယ်။ မောင်တောမြောက်ပိုင်းနဲ့ ဘူးသီးတောင် နယ်ဘက်တွေ ရသေ့တောင်က အချို့တွေဆိုရင် အပြီး နေရပ်စွန့်ခွာလာတာ တွေရှိတယ်။ အပြီး နေရပ် စွန့်ခွာလာတယ်ဆိုတာ နေအိမ်တစ်ခုပဲထားခဲ့ပြီး ယူလို့ရတဲ့ ပစ္စည်းတွေယူပြီး အခြားမြို့တွေ ရွာတွေကို စစ်ဘေးရှောင်တာထက်ပိုပြီး အပြီးနေရပ်စွန့်ခွာတဲ့ ပုံစံမျိုးဖြစ်လာတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။