Connect with us

Hi, what are you looking for?

သတင်း

မန္တလေး – မိုးမိတ်လမ်းပိုင်းရှိ ရွှေတွင်းများရှိရာဆက်ကြေးကောက်ရန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်များသည် ကျောက်ဖြူရွာနှင့် ဗနွဲရွာကြားရှိ တောင်လယ်ရွာ ရွှေတွင်းများသို့ မကြာခဏ ဆက် ကြေးလာကောက်တပ်သည်ကို ကြိုတင်သိရှိထားသောကြောင့် အထက်ပါအတိုင်း စောင့်ကြိုဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေး - မိုးမိတ်လမ်းပိုင်းရှိ ရွှေတွင်းများရှိရာဆက်ကြေးကောက်ရန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရ
မန္တလေး - မိုးမိတ်လမ်းပိုင်းရှိ ရွှေတွင်းများရှိရာဆက်ကြေးကောက်ရန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရ

▪️စစ်ကောင်စီတပ်သား ငါးဦးခန့်သေဟုဆို

သပိတ်ကျင်းမြို့နယ် မန္တလေး – မိုးမိတ်လမ်းပိုင်းရှိ ရွှေတွင်းများရှိရာသို့ ဆက်ကြေးကောက်ရန် လာသည့် စစ်အုပ်စုကို မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယနေ့(အောက်တိုဘာ ၇)နံနက် ၁၁ နာရီကျော်က မန္တလေး – မိုးမိတ်လမ်း ကျောက်ဖြူကျေးရွာနှင့် ဗနွဲကျေးရွာကြားရှိ တောင်လယ်ကျေးရွာ ရွှေတွင်းများသို့ ဆက်ကြေးကောက်ရန်လာသည့် ကားသေးတစ်စီးနှင့် လိုက်ထရပ်တစ်စီးကို မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားငါးဦးထက်မနည်း သေဆုံးသွားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ပစ္စည်းအားနဲ့ ခန့်မှန်းရရင်တော့ အနည်းဆုံး ငါးဦးထက်မနည်းနိုင်ပါဘူး။ သူတို့စီးလာတဲ့ကားရဲ့အနေထားဆွဲတဲ့မြေပြက်အနေထားအရပေါ့”ဟု ကြာညှပ်(ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီအရာရှိလိုက်ပါလာသည့် ကားအသေးတစ်စီးထိခိုက်သည့်အပြင် လိုက်ထရပ်ယာဥ်မှာ မိုင်းထိမှန်ပျက်စီးသည့်အပြင် ထိုးရပ်သွားသည်ဟု အထက်ပါရဲဘော်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များသည် ကျောက်ဖြူရွာနှင့် ဗနွဲရွာကြားရှိ တောင်လယ်ရွာ ရွှေတွင်းများသို့ မကြာခဏ ဆက် ကြေးလာကောက်တပ်သည်ကို ကြိုတင်သိရှိထားသောကြောင့် အထက်ပါအတိုင်း စောင့်ကြိုဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။