Connect with us

Hi, what are you looking for?

သတင်း

စစ်‌တပ်က ဒေသခံများ၏ ဥစ္စာပစ္စည်းများခိုးယူနေကြောင်းစိစစ်တွေ့ရှိဟု ကော်ဘရာစစ်ကြောင်းပြော

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်များဘက်မှ သုံးဦးသေဆုံးခဲ့သည်ဟု ယနေ့ အောက်တိုဘာလ(၇)ရက်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်‌တပ်က ဒေသခံများ၏ ဥစ္စာပစ္စည်းများခိုးယူနေကြောင်းစိစစ်တွေ့ရှိဟု ကော်ဘရာစစ်ကြောင်းပြော
စစ်‌တပ်က ဒေသခံများ၏ ဥစ္စာပစ္စည်းများခိုးယူနေကြောင်းစိစစ်တွေ့ရှိဟု ကော်ဘရာစစ်ကြောင်းပြော

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေအတွင်း စစ်ကောင်စီတပ်က ဒေသခံများ၏ ဥစ္စာပစ္စည်းတွေကို ဖောက်ထွင်းခိုးယူ လုယက်ထားကြောင်း စိစစ်တွေ့ရှိရကြောင်း ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန် သည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်များဘက်မှ သုံးဦးသေဆုံးခဲ့သည်ဟု ယနေ့ အောက်တိုဘာလ(၇)ရက်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ အောက်တိုဘာ(၇)ရက်တွင် တပ်မဟာ(၆)နယ်မြေ တောင်နီကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကျူးကျော်အခြေပြုနေရာနှင့် ပူးပေါင်းတပ်ဖွဲ့များ ရင်ဆိုင်ထားသော နေရာအကြား တဲသုံးလုံးနေရာရှိ စစ်ကောင်စီ၏ ခမရ(၁၀၄)ကာကင်းအား KNLA တပ်ရင်း(၂၇) ကော်ဘရာပူး‌ပေါင်းစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ(၂)တို့မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်‌တပ်က ဒေသခံများ၏ ဥစ္စာပစ္စည်းများခိုးယူနေကြောင်းစိစစ်တွေ့ရှိဟု ကော်ဘရာစစ်ကြောင်းပြော
စစ်‌တပ်က ဒေသခံများ၏ ဥစ္စာပစ္စည်းများခိုးယူနေကြောင်းစိစစ်တွေ့ရှိဟု ကော်ဘရာစစ်ကြောင်းပြော

စစ်ကောင်စီတပ်ဖွဲ့များဘက်မှ ဆုတ်ခွာထွက်ပြေးခဲ့ကြရာ ခြင်းကျားတစ်လုံးနှင့် အသုံးအဆောင်ပစ္စည်းများ ကျန်ရှိခဲ့ပြီး ထိုခြင်းကျားအား စစ်ဆေးကြည့်ရာ RPG ကျည်တစ်တောင့်နှင့် ၄င်းယမ်းတောင့် တစ်တောင့်၊ စားအိုးစားခွက်များ၊ ဖုန်းတစ်လုံး၊ အချိုရည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျေးရွာအတွင်းရှိ ပြည်သူလူထုထံမှ ခိုးယူ၊ လုယက်ထားသော ခိုးရာပါပစ္စည်းများ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရမိသော စစ်ကောင်စီတပ်သားဖုန်းထံမှ ၎င်း၏ဓါတ်ပုံအား တွေ့ရှိရသဖြင့် ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းဖြတ်သန်းသွားရာလမ်းတစ်‌လျှောက် ကျေးရွာများအတွင်းရှိ ဒေသခံပြည်သူလူထု၏ အိုးအိမ်၊ စည်းစိမ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖောက်ထွင်းခိုးယူ၊ လုယက်ထားကြောင်း စီစစ်တွေ့ရှိရပြီး ယနေ့သိမ်းဆည်းရမိသောပစ္စည်းများအား ဒေသခံပြည်သူလူထုအနေဖြင့် မိမိပိုင်ဖြစ်ကြောင်း အထောက်အထားနှင့်တစ်ကွ တင်ပြနိုင်ပါက ကော်ဘရာစစ်ကြောင်းထံ လာရောက်ထုတ်ယူနိုင်ပါကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ စစ်ကောင်စီ၏ ခမရ(၁၀၄) အခြေပြုထားသော တောင်နီကျေးရွာအနီးရှိ တောင်ကုန်းအား ယနေ့ နေ့လည်ပိုင်းတွင် ပူးပေါင်းတပ်ဖွဲ့များ၏ လက်ဖြောင့်စနိုက်ဘာစစ်သည်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ(၃) ဦး သေဆုံးကြောင်း၊ ယနေ့ဖြစ်စဉ်အတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပါကြောင်း ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။