Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တောင်ပိုင်းရှိ စီးမော်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

အောက်တိုဘာ ၆ရက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့ကြောင်း Banmauk Revolutionက ဖော်ကြပသည်။

စီးမော်ရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - BR
စီးမော်ရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - BR

▪️ဗန်းမောက် ရဲစခန်းတိုက်ခိုက်ခံရမှု ရဲအများအပြားသေဟုဆို

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် စီးမော်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း Banmauk Revolutionက မီးလောင်ပျက်စီးပြာကျနေသည့် နေအိမ်များ၏ ဓာတ်ပုံမှတ်တမ်းနှင့် အတူ ဖော်ပြသည်။

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်ရက်က စီးမော်ကျေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ နေအိမ်များမှ ပြည်သူလူထု ပိုင် အဖိုးတန်ပစ္စည်းများကိုလည်း ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

မီးရှို့ခံရ၍ ကျေးရွာအတွင်းရှိ နေအိမ်အရေအတွက် မည်မျှ ပျက်စီးခဲ့သည်ကို ဖော်ပြထားခြင်းမရှိပေ။

ဗန်းမောက်နယ်တွင် စစ်ကောင်စီတပ်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ယခု အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ အောက်တိုဘာ ၅ရက်က ပေပင်ကျောက်အိုင်အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် ကျောက်အိုင်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အောက်တိုဘာ ၆ရက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့ကြောင်း Banmauk Revolutionက ဖော်ကြပသည်။

အောက်တိုဘာ ၄ရက်ကလည်း ဗန်းမောက်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ရဲ ၁၁ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ရဲများသေဆုံးထိခိုက်မှု အခြေအနေနှင့်ပတ်သက် ပြီး ဒေသတွင်းသတင်းရင်းမြစ်အချို့ထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။