Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ၏ လိပ်ရစခန်းကို AA တိုက်ခိုက်သိမ်းပိုက်

လိပ်ရစခန်းကို ယနေ့(အောက်တိုဘာ ၁၀ရက်)နံနက် အစောပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News သို့ ဖြေကြားထားသည်။

မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ၏ လိပ်ရစခန်းကို AA တိုက်ခိုက်သိမ်းပိုက်
မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ၏ လိပ်ရစခန်းကို AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း တစ်ခုဖြစ်သည့် လိပ်ရစခန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း မောင်တောဒေသခံ အချို့ကို ကိုးကားပြီး ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“အခုက အနီးအနားက လူတွေပြောတာဆိုတော့ ဖြစ်နိုင်ခြေအများကြီးရှိပါတယ်။ သူတို့ ဆီက ထုတ်ပြန်လာမှပဲ ဘယ်လောက်ကျဆုံးတယ် ဘယ်လောက်က ဒဏ်ရာရတယယယ် လက်နက် ဘယ်လောက်ဖမ်းမိတယ်ဆိုတာ စာရင်းတက်လာမှာပေါ့။ ဒါပေမဲ့ ဒါက ဖြစ်နိုင်ခြေအများကြီးရှိပါတယ်”ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

လိပ်ရစခန်းကို ယနေ့(အောက်တိုဘာ ၁၀ရက်)နံနက် အစောပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News သို့ ဖြေကြားထားသည်။

“အဲဒီမှာ လက်နက်ခဲယမ်းမီးကျောက်တချို့ သိမ်းဆည်းရမိတာရှိတယ်။ ပြီးတော့ စစ်သုံ့ပန်း တချို့ ဖမ်းဆီးရမိတာ တော့ရှိတယ်။ သိမ်းဆည်းမိတဲ့ လက်နက်ရေအတွက် သုံ့ပန်းအရေ အတွက် အတိအကျတော့ ကျွန်တော်ဆီကို စာရင်းရောက်မလာသေးဘူး” ဟု ဦးခိုင်သုခက ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

AA အနေဖြင့် ဩဂုတ်မှစ၍ ပလက်၀၊ မောင်တော ဒေသများရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲရာတွင်လည်း အလွယ်တကူပင် စစ်ကောင်စီတပ်စခန်းများ ရရှိခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း AA၏ ထုတ်ပြန်ချက်များ၌ တွေ့ရသည်။

“စခန်းရတယ်ဆိုတာ မတိုက်ခင်ကတည်းက သူတို့ အနေနဲ့ အများကြီး ပြင်ဆင်မှုတွေလုပ်ထားတယ်။ အဓိကတော့ ရိက္ခာလမ်းကြောင်းတွေ ဖြတ်ထားတာ။ ရိက္ခာပြတ်နေတော့ ဟိုဘက်က သိပ်ပြီးတော့ တိုက်ရည်ခိုက်ရည်မရှိတော့ဘူးလေ။ မရှိတော့ အဲဒီမှာ သူတို့ ဝင်စီးတာပေါ့။ စခန်းတိုက်ပြီး အဲဒီ စခန်းမီးရှို့ပြီး ပြန်ထွက်သွားတာပေါ့။ အဲဒီစခန်းတော့ ဘယ်နေမလဲ။ ဒါပေမဲ့ အဲဒီစ ခန်းကိုလည်း စစ်ကောင်စီတပ်တွေက ပြန်ပြီး သိမ်းလို့ မရနိုင်တော့ဘူး။ သူတို့က အဲဒီစခန်းမှာသာ မနေတာ အနီးပတ်ဝန်းကျင်မှာ တပ်စွဲနေရာယူထားတာပေါ့” ဟု ရခိုင်ဒေသခံက ပြောသည်။

AAက စခန်းသိမ်းတိုက်ခိုက်ခြင်းများအပြင် စစ်ကောင်စီတပ်များ အလိုအလျောက် စွန့်ခွာသွားသည့် တပ်စခန်းများရှိပြီး ဒေသခံအချို့၏ ခန့်မှန်းပြောဆိုချက်အရ သိမ်းပိုက်ခံရသည့် စခန်းနှင့် စွန့်ခွာသွားသည့် စခန်း စုစုပေါင်း ၅၀ ကျော်ရှိနိုင်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။