Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ၏ လိပ်ရစခန်းကို AA တိုက်ခိုက်သိမ်းပိုက်

လိပ်ရစခန်းကို ယနေ့(အောက်တိုဘာ ၁၀ရက်)နံနက် အစောပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News သို့ ဖြေကြားထားသည်။

မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ၏ လိပ်ရစခန်းကို AA တိုက်ခိုက်သိမ်းပိုက်
မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ၏ လိပ်ရစခန်းကို AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း တစ်ခုဖြစ်သည့် လိပ်ရစခန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း မောင်တောဒေသခံ အချို့ကို ကိုးကားပြီး ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“အခုက အနီးအနားက လူတွေပြောတာဆိုတော့ ဖြစ်နိုင်ခြေအများကြီးရှိပါတယ်။ သူတို့ ဆီက ထုတ်ပြန်လာမှပဲ ဘယ်လောက်ကျဆုံးတယ် ဘယ်လောက်က ဒဏ်ရာရတယယယ် လက်နက် ဘယ်လောက်ဖမ်းမိတယ်ဆိုတာ စာရင်းတက်လာမှာပေါ့။ ဒါပေမဲ့ ဒါက ဖြစ်နိုင်ခြေအများကြီးရှိပါတယ်”ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

လိပ်ရစခန်းကို ယနေ့(အောက်တိုဘာ ၁၀ရက်)နံနက် အစောပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News သို့ ဖြေကြားထားသည်။

“အဲဒီမှာ လက်နက်ခဲယမ်းမီးကျောက်တချို့ သိမ်းဆည်းရမိတာရှိတယ်။ ပြီးတော့ စစ်သုံ့ပန်း တချို့ ဖမ်းဆီးရမိတာ တော့ရှိတယ်။ သိမ်းဆည်းမိတဲ့ လက်နက်ရေအတွက် သုံ့ပန်းအရေ အတွက် အတိအကျတော့ ကျွန်တော်ဆီကို စာရင်းရောက်မလာသေးဘူး” ဟု ဦးခိုင်သုခက ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

AA အနေဖြင့် ဩဂုတ်မှစ၍ ပလက်၀၊ မောင်တော ဒေသများရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲရာတွင်လည်း အလွယ်တကူပင် စစ်ကောင်စီတပ်စခန်းများ ရရှိခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း AA၏ ထုတ်ပြန်ချက်များ၌ တွေ့ရသည်။

“စခန်းရတယ်ဆိုတာ မတိုက်ခင်ကတည်းက သူတို့ အနေနဲ့ အများကြီး ပြင်ဆင်မှုတွေလုပ်ထားတယ်။ အဓိကတော့ ရိက္ခာလမ်းကြောင်းတွေ ဖြတ်ထားတာ။ ရိက္ခာပြတ်နေတော့ ဟိုဘက်က သိပ်ပြီးတော့ တိုက်ရည်ခိုက်ရည်မရှိတော့ဘူးလေ။ မရှိတော့ အဲဒီမှာ သူတို့ ဝင်စီးတာပေါ့။ စခန်းတိုက်ပြီး အဲဒီ စခန်းမီးရှို့ပြီး ပြန်ထွက်သွားတာပေါ့။ အဲဒီစခန်းတော့ ဘယ်နေမလဲ။ ဒါပေမဲ့ အဲဒီစ ခန်းကိုလည်း စစ်ကောင်စီတပ်တွေက ပြန်ပြီး သိမ်းလို့ မရနိုင်တော့ဘူး။ သူတို့က အဲဒီစခန်းမှာသာ မနေတာ အနီးပတ်ဝန်းကျင်မှာ တပ်စွဲနေရာယူထားတာပေါ့” ဟု ရခိုင်ဒေသခံက ပြောသည်။

AAက စခန်းသိမ်းတိုက်ခိုက်ခြင်းများအပြင် စစ်ကောင်စီတပ်များ အလိုအလျောက် စွန့်ခွာသွားသည့် တပ်စခန်းများရှိပြီး ဒေသခံအချို့၏ ခန့်မှန်းပြောဆိုချက်အရ သိမ်းပိုက်ခံရသည့် စခန်းနှင့် စွန့်ခွာသွားသည့် စခန်း စုစုပေါင်း ၅၀ ကျော်ရှိနိုင်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။