Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ် ဝါးသုံးအိမ်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ နေအိမ် ၂၀ကျော်ပြာကျ

မီးရှို့ပြီးထွက်သွားသည့် စစ်ကြောင်းသည် ရှင်မတောင် တောင်ခြေသို့ထွက်သွားခဲ့ပြီး လမ်းတွင်ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြိုင်မြို့နယ် ဝါးသုံးအိမ်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - နွေဦးတော်လှန်ရေး-မြိုင်
မြိုင်မြို့နယ် ဝါးသုံးအိမ်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - နွေဦးတော်လှန်ရေး-မြိုင်

မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့ပိုင်းရှိ ဝါးသုံးအိုင်ကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ်အဆောက်အအုံ ၂၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မြိုင်နယ်အရှေ့ပိုင်း ဝါးသုံးအိုင်ရွာအား အောက်တိုဘာ ၈ ရက် ညက ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂ နာရီ ၄၀မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အောက်တိုဘာ ၁၀ ရက်တွင်လည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်၂၂ လုံးနှင့် နွားစာခြံ နှစ်လုံးအပါအဝင် စုစုပေါင်း ၂၄လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“၉ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်တစ်ခါရှို့တယ်။ ည ၁၂ လောက် တစ်ခါရှို့တယ်။ ၁၀ ရက်နေ့မနက်မှာ တစ်ခါထပ်ရှို့တယ်။”ဟု We Love Myaing အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မီးရှို့ပြီးထွက်သွားသည့် စစ်ကြောင်းသည် ရှင်မတောင် တောင်ခြေသို့ထွက်သွားခဲ့ပြီး လမ်းတွင်ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းတွင် ၂၀၂၂ သြဂုတ် ၂၅ ရက်အထိ နေအိမ်ပေါင်း ၅၄၁၈လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းပြီးလျှင် ဒုတိယမြောက် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook