Connect with us

Hi, what are you looking for?

ဗီဒီယို

နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

နိုင်ငံတကာရေးရာ လေ့လာသူတွေကတော့ မြောက်ကိုရီးယားက ဝါဒဖြန့် စကားတိုင်းကို အတည်ယူလို့ မရပေမယ့် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ပဲ့ထိန်းဒုံးတွေ စမ်းသပ်နေတယ် ဆိုတာကို ပေါ့ပေါ့ဆဆတော့ မတွက်သင့်ဘူးလို့ ဆိုပါတယ်။

နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်တဲ့ မဟာဗျူဟာ ဒုံးကျည်နှစ်စင်း စမ်းသပ်မှုကို ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းကိုယ်တိုင် ကြီးကြပ် ကွပ်ကဲခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ဒုံးကျည်တွေကို အောက်တိုဘာ ၁၂ ရက်နေ့က အောင်အောင်မြင်မြင် ပစ်လွှတ် စမ်းသပ်နိုင်ခဲ့ပြီး ကိုရီးယား ပြည်သူ့ တပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို အထင်အရှား မြှင့်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။ ပြီးတော့ ဒုံးကျည် စမ်းသပ်မှု ရလဒ်တွေ အပေါ်မှာလည်း ခေါင်းဆောင်ကြီး ကင်မ်က အထူးတလည် နှစ်ထောင်းအားရ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်လောက်ကစလို့ ဒုံးကျည် စမ်းသပ်မှုတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ အောက်တိုဘာ ၁၂ ရက်က ထပ်မံပစ်လွှတ်တဲ့ ပဲ့ထိန်း ဒုံးကျည်တွေကတော့ ကီလိုမိတာ ၂၀၀၀ လောက်ထိ ပျံသန်းပြီး ပင်လယ်ပြင်ထဲ ကျရောက်သွားခဲ့ပါတယ်။

KCNAက ဒုံးကျည်နှစ်စင်းဟာ ရည်မှန်း ပစ်မှတ်တွေကို တည့်တည့်မတ်မတ် ထိမှန်ခဲ့တယ်လို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေတော့ မထုတ်ပြန်ပါဘူး။ အခု ဒုံးကျည် စမ်းသပ်မှုတွေဟာ မြောက်ကိုရီးယားရဲ့ ရန်သူတွေအတွက် နောက်တစ်ကြိမ် လေးလေးနက်နက် သတိပေးလိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် ကိုရီးယား ကျွန်းဆွယ်နဲ့ ဆက်စပ် ဒေသတွေ လုံခြုံရေးအတွက် အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေ ပူးပေါင်း လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာရေးရာ လေ့လာသူတွေကတော့ မြောက်ကိုရီးယားက ဝါဒဖြန့် စကားတိုင်းကို အတည်ယူလို့ မရပေမယ့် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ပဲ့ထိန်းဒုံးတွေ စမ်းသပ်နေတယ် ဆိုတာကို ပေါ့ပေါ့ဆဆတော့ မတွက်သင့်ဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်တွေ၊ နျူကလီးယား လက်နက်တွေ စမ်းသပ်တာမျိုး မလုပ်ဖို့ ကုလသမဂ္ဂရဲ့ အရေးယူ တားမြစ်မှုကို မလိုက်နာဘဲ မဟာဗျူဟာ ဒုံးကျည်တွေ ဆက်တိုက် ပစ်လွှတ်ခဲ့သလို အခုနှစ် မကုန်ခင် နျူကလီးယားဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲဖွယ် ရှိနေကြောင်း ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။