Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်ရှိ သစ်ဆိမ့်ကြီးရွာမှ နေအိမ်၃၀ကျော် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း စစ်ကောင်စီတပ်သည် သစ်ဆိမ့်ကြီးရွာရှိ ဒေသခံ ပြည်သူ ခြောက် ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သေးသည်။

သစ်ဆိမ့်ကြီးကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
သစ်ဆိမ့်ကြီးကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ သစ်ဆိမ့်ကြီးကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(အောက်တိုဘာလ ၁၆ ရက်)ညနေ ၃ နာရီခန့်က ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာ အား လက်နက်ကြီးဖြင့်ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာနေအိမ် ၃၄လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ​ဒေသခံများက ပြောသည်။

ထို့အပြင် သစ်ဆိမ့်ကြီးရွာ တောင်ဘက်ရှိ ကူကြီးကျေးရွာမှလည်း နေအိမ် သုံးလုံး မီးရှို့ဖျက်ဆီးသွားကြောင်း၊ ငါးပတ်ချောင်းကျေးရွာမှ ပြည်သူ့ပစ္စည်းအများအပြားကိုလည်း အဓမ္မယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“သစ်ဆိမ့်ကြီးရွာ စခတွေမီးရှို့သွားတာ ညနေ ငါးနာရီကျော်တဲ့ထိ မီးမငြိမ်းဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီတပ်များသည် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ဝက်လက်နယ်အရှေ့ခြမ်းအား အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့သည်။ စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူ များကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။

ထိုနေ့ညနေပိုင်းတွင်လည်း ဆင်နင်းကျေးရွာနှင့် ပိတောက်ချုံ ကျေးရွာသို့ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပိတောက်ချုံကျေးရွာရှိ နေအိမ် ငါးလုံးနှင့် တဲတစ်လုံး မီးလောင်ပျက်စီးခဲ့သည်။

ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း စစ်ကောင်စီတပ်သည် သစ်ဆိမ့်ကြီးရွာရှိ ဒေသခံ ပြည်သူ ခြောက် ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သေးသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ရက်က ဝက်လက်နယ်အရှေ့ခြမ်းအား စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ရဲဘော် ရှစ်ဦးထက်မနည်းသေဆုံးပြီး ပြည်သူအချို့လည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။