Connect with us

Hi, what are you looking for?

သတင်း

ခန္တီးရဲစခန်းအချုပ်မှထွက်ပြေးစဉ်အဖမ်းခံရသူတစ်ဦးစစ်ကောင်စီစစ်ကြောရေးတွင်သေဆုံး

ခန္တီးရဲစခန်းအချုပ်တွင်ယမန်နေ့(အောက်တိုဘာလ၁၈ရက်)နံနက် သုံးနာရီခန့်တွင်ဖောက်ထွင်း၍နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် ၁၄ဦး ထွက်ပြေးသွားခဲ့သည်။

(စစ်​ကောင်စီရဲအချုပ်​​ထောင်ကို​ဖောက်၍ ထွက်​ပြေးခဲ့​သော​နေရာတစ်နရာ။ ဓါတ်ပုံ-​စစ်​ကောင်စီ)
(စစ်​ကောင်စီရဲအချုပ်​​ထောင်ကို​ဖောက်၍ ထွက်​ပြေးခဲ့​သော​နေရာတစ်နရာ။ ဓါတ်ပုံ-​စစ်​ကောင်စီ)

▪︎ဖျားနာ၍သေဆုံးဟုစစ်ကောင်စီလိမ်ညာထား၊ နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့​ပြော

ခန္တီးရဲစခန်းအချုပ် ဖောက်ထွင်းထွက်ပြေးသူ ၁၄ဦးအနက် ပြန်ဖမ်းမိသွားသည့် ငါးဦးထဲမှ တစ်ဦးသည် စစ်ကောင်စီစစ်ကြောရေးတွင် သေဆုံးသွားသည်။

ခန္တီးရဲစခန်းအချုပ်တွင်ယမန်နေ့(အောက်တိုဘာလ၁၈ရက်)နံနက် သုံးနာရီခန့်တွင်ဖောက်ထွင်း၍နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် ၁၄ဦး ထွက်ပြေးသွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်း‌ဆီးခဲ့ရာယမန်နေ့ နံနက်ပိုင်းတွင် ငါးဦးဖမ်းမိသွားခဲ့သည်။ ဖမ်းမိသူများအား စစ်ကောင်စီက ရိုက်နှက်ညှင်းပန်းစစ်ဆေးစဉ် အသက် ၂၅နှစ်အရွယ် အားပုံဆိုသူ သေဆုံးသွားခဲ့သည်ဟုစစ်​ကောင်စီမှအရာရှိတစ်ဦးက People’s Spring သို့ ပြောသည်။

“အားပုံ သေဆုံးသွားပြီ။ နေ့ခင်းနှစ်နာရီက သေဆုံးတာ။ စစ်ကောင်စီက ဖျားလို့သေတာဆိုပြီးကြေးနန်းတက်ခိုင်းတယ်”ဟု အထက်ပါအရာရှိကပြောသည်။

Public Service Announcement

Public Service Announcement

အသက် ၂၅နှစ်အရွယ်အားပုံသည် ဟုမ္မလင်းမြို့နယ်ဒေသခံတစ်ဦးဖြစ်သည်။ မူးယစ်ဆေးမှု၊ သွင်းကုန်ထုတ်ကုန်မှုတို့ဖြင့် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။ ယမန်နေ့(အောက်တိုဘာလ ၁၈ရက်)က ထွက်ပြေးရန်ကြိုးစားသူများတွင် သူပါဝင်ခဲ့ပြီး ယခုအခါ စစ်ကောင်စီ၏ စစ်ကြောရေး၌ သေဆုံးသွားခြင်းဖြစ်သည်။

စစ်ကောင်စီကမူ အားပုံသည် ဖျားနာနေ၍ ‌ဆေးရုံသို့ပို့ပြီး ဆေးကုသနေစဉ် သေဆုံးသွားခြင်းဟု လိမ်ညာထားသည်။

​ဒေသခံအချို့ကမူ အားပုံမှာစစ်​ကောင်စီကညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရခြင်းဟု​ပြောသည်။

ခန္တီးမြို့ခံ တစ်ဦးကမူ” ပြန်ဖမ်းမိတဲ့သူတွေကို အလွန်အမင်း ရိုက်နှက်စစ်ဆေးနေတဲ့သတင်းတွေ ကျွန်တော်တို့ ကြားရတယ်။ အားပုံသေတယ်လို့ ကြားတော့ မယုံခဲ့ဘူး။သူက ကျန်းမာရေးအကောင်းကြီး။ အခုတော့ စစ်တပ်က လွတ်နေတဲ့ ခွေးရူးလိုပဲ။ မဲမဲမြင်ရာ နှိပ်စက်နေတာ”ဟုပြောသည်။

ထို့​ကြောင့်စစ်ကောင်စီလက်ထဲတွင် စစ်ကြောရေးဝင်နေရဆဲဖြစ်သော လေးဦးအတွက် စိတ်ပူနေရသည်ဟု ခန္တီးမြို့ခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်