Connect with us

Hi, what are you looking for?

သတင်း

ခန္တီးအကျဥ်း​​ထောင်​ဖောက်၍ နိုင်ကျဥ်းအချို့ လွတ်​မြောက်သွားဟု​ဒေသခံအချိူ့​ပြော

စစ်​ကောင်စီ ​ထောင်သွင်းအကျဥ်းချထားရာမှ ထွက်ပြေးလာသူများကို တွေ့ရှိပါက ရသည့်နည်းဖြင့် ကူညီကြရန်လည်း ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မြို့ခံလူထုအား မေတ္တာရပ်ခံသည်။

(ခန္တီး​ထောင်​ရှေ့မြင်ကွင်း /ပုံအ​ဟောင်း ။ဓါတ်ပုံ-CJ)
(ခန္တီး​ထောင်​ရှေ့မြင်ကွင်း /ပုံအ​ဟောင်း ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ခန္တီးအကျဉ်းထောင်တွင် ယနေ့နံနက်အစောပိုင်းကဖောက်ထွင်းခံရပြီး စစ်ကောင်စီဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားဆယ်ဦးထက်မနည်းလွတ်မြောက်သွားကြောင်းဒေသတွင်းတော်လှန်ရေးအင်အားစုများကပြောသည်။

” မနက်သုံးနာရီလောက်က ထောင်ဖောက်သွားတယ်။ နိုင်ကျဉ်း ဆယ်ယောက်လောက် လက်နက်နဲ့ လွတ်သွားတယ်။ စစ်ကောင်စီက မြို့ကို ပိုက်စိပ်တိုက်ရှာနေတယ်။ ကုန်းလမ်း ရေလမ်းအကုန် ပိတ်ရှာနေတယ်”ဟု ခန္တီးမြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။ သို့​သော်​ထောင်​ဖောက်ထွက်​ပြေးသွား​သော နိုင်ကျဥ်းအချို့တွင် လက်နက်ရရှိသွား​ကြောင်း ၎င်း၏ပြောကြားချက်အ​ပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

စစ်​ကောင်စီ ​ထောင်သွင်းအကျဥ်းချထားရာမှ ထွက်ပြေးလာသူများကို တွေ့ရှိပါက ရသည့်နည်းဖြင့် ကူညီကြရန်လည်း ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မြို့ခံလူထုအား မေတ္တာရပ်ခံသည်။

ခန္တီးအကျဉ်းထောင်သည် ခန္တီးမြို့မှ သုံးမိုင်ခန့်အကွာတွင်ခန္တီး-နန့်စီပွန်‌လမ်း၌ တည်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။