စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား မိနစ်၃၀ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Khin U Special Force Organization- KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်) ည ၉ နာရီ မိနစ်၂၀ ခန့်က ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ဘန်ကာနှင့် ကတုတ်ကျင်းများရှိရာသို့ နှစ်ဆင့်ကွဲ ၁၁လုံးတိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။
တိုက်ခိုက်ချိန် မိနစ် ၄၀ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က (၄၀)မမ၊စက်လက်၊ လက်နက် ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်းရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံကဆိုသည်။
“ွေးသေဆုံးမှုကိုတော့ အတည်ပြုမသိရသေးပါဘူး။”ဟု KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
အဆိုပါ စစ်ဆင်ရေးအား မြို့နယ်(ပကဖ)၊ KSOတပ်ဖွဲ့ နှင့် ဒေါင်းစစ်သည် (LDF)တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
အောက်တိုဘာ ၁၇ ရက်ကလည်း ရွာသစ်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်များသည် ရေဦးမြို့မှထွက်လာသည့် ရိက္ခာတင်ယာဥ်ကို သွားကြိုရာ လမ်း၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။


















































