Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် စစ်ကောင်စီတပ် လေကြောင်းနှင့် မြေပြင် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးသေဆုံး

ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်) နံနက် ၁၀ နာရီခန့်က ယင်းမာပင်နှင့် ပုလဲနယ်အတွင်းရှိ ကျေးရွာများကို မုံရွာ (နမခ)မှ ရဟတ်ယာဥ်လေးစီးဖြင့် လာရောက် ပစ်ခတ်ခဲ့သည်။

(ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ကိုယ်ဝန်ဆောင်သည်နှင့် အသက်(၆၀)အရွယ် အမျိုးသမီးကြီးတစ်ဦး၊ ဓာတ်ပုံ-Pale Entertainment)
(ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ကိုယ်ဝန်ဆောင်သည်နှင့် အသက်(၆၀)အရွယ် အမျိုးသမီးကြီးတစ်ဦး၊ ဓာတ်ပုံ-Pale Entertainment)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင် စီတပ်က လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံပြည်သူ သုံးဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်) နံနက် ၁၀ နာရီခန့်က ယင်းမာပင်နှင့် ပုလဲနယ်အတွင်းရှိ ကျေးရွာများကို မုံရွာ (နမခ)မှ ရဟတ်ယာဥ်လေးစီးဖြင့် လာရောက် ပစ်ခတ်ခဲ့သည်။

တိုက်ခိုက်ရေး ရဟတ်ယာဥ်များ၏ ပစ်ခတ်တိုက်ခိုက် မှုကြောင့် မီးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ဒေသခံ သုံးဦးကျဆုံးခဲ့ပြီး အရေအတွက်ပိုလာနိူင် ကြောင်းမြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ပြည်သူတွေက အောက်ရောက်မှ ရမ်းပစ်ပစ်ခံရတာ ထိသွားတာပါ။”ဟု Royal Eagle PDF အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

(ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ကိုယ်ဝန်ဆောင်သည်နှင့် အသက်(၆၀)အရွယ် အမျိုးသမီးကြီးတစ်ဦး၊ ဓာတ်ပုံ-Pale Entertainment)
(ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ကိုယ်ဝန်ဆောင်သည်နှင့် အသက်(၆၀)အရွယ် အမျိုးသမီးကြီးတစ်ဦး၊ ဓာတ်ပုံ-Pale Entertainment)

သေဆုံးသူ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးမှာ အသက်၃၀ အရွယ်ရှိပြီး ကိုယ်ဝန် ခြောက်လရှိပြီဖြစ်ကြောင်း၊ နောက်တစ်ဦးမှာ (၆၀) အရွယ်ဖြစ်ပြီး ပြားအိုကျေးရွာ၌ နေထိုင်သူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

” အလောင်းတွေကို‌ စစ်ကောင်စီတပ်သားတွေထွက်သွားချိန်မှာ ပြားအိုရွာဘုန်းတော်ကြီးကျောင်းအနီးမှာ တွေ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ အမျိုးသမီးတွေကို လက်ကိုင်ဖုန်းတွေသိမ်းဆီးကာ ပြန်လွှတ်ပေးခဲ့ပေမယ့် အမျိုးသား ၃၇ ကို ဖမ်းဆီးပြီး ရင်ပေါင်တိုင်သို့ ခေါ်သွားကြောင်း သိရှိရပါတယ်။”ဟု Pale Entertainment က ဖော်ပြသည်။

ရဟတ်ယာဥ်လေးစီးအနက် နှစ်စီးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊လက်နက်ခဲယမ်းများ၊ ရိက္ခာများ မြေပြင်သို့ချသွားခဲ့ပြီး ကျန်နှစ်စီးမှာ မြေပြင်သို့ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပြားအိုရွာက စစ်ရှောင်ပြည်သူလူထုကို စကစများက ပစ်ခတ်ဖမ်းဆီးပြီး စစ်ရှောင်လူထုတွေရဲ့လက်ကောက် လက်စွပ်ဆွဲကြိုး ဖုန်းတွေကို ယူသွားပါတယ်။ ဖုန်းအလုံးရေ ပီနံအိပ် (စာလာအိပ်)နဲ့ တစ်ဝက်ကျော်ဖုန်းအလုံးရေ နှစ်ရာကျော် ပါသွားတယ်။ လက်ကောက်လက်စွပ် ပါတဲ့သူအကုန်ချွတ်ခိုင်းပြီးယူသွားပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မြေပြင်ထိုးစစ်ကြောင့် ယင်းမာပင်နှင့် ပုလဲမြို့နယ်မှ ဒေသခံ ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ပြန်လွတ်သူအချို့ရှိသော်လည်း ပြည်သူအချို့မှာ လူသားဒိုင်းအဖြစ် ဆက်လက်ဖမ်းဆီးခံထားရကြောင်း မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိ​ပေးသည်။

မြေပြင်တွင် စစ်ကောင်စီတပ်အင်အား၁၅၀ နီးပါးရှိနိုင်ပြီး ကျေးရွာအချို့၌ ခြေကုပ်ယူကာ ရင်ပေါင်တိုင်ရွာ၌ တပ်စွဲထားကြောင်း၊ ပြည်သူများ စစ်ကောင်စီတပ်နှင့်ဝေးရာတွင် နေထိုင်ပေးကြရန် မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးသည်။

စစ်ကောင်စီတပ်၏ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပုလဲနှင့် ယင်းမာပင်မြို့နယ်ရှိ ဒေသခံ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်ကလည်း ရင်ပေါင်တိုင်ရွာအပါအဝင် အနီးကျေးရွာများအား လေကြောင်းပစ်ခတ်ခဲ့ပြီး ဒေသခံပြည်သူ ၂၀ ကျော် အသတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။