Connect with us

Hi, what are you looking for?

သတင်း

လှိုင်​မြို့နယ်တွင် ခွင့်ဖြင့်ပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် သုံးဦးအသတ်ခံရ

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အခင်းဖြစ်နေရာ ဗဟိုလမ်းအားပိတ်ဆို့စစ်ဆေးနေပြီး ပါရမီလမ်းတစ်လျှောက်ကင်းပုန်းများပါချထားကြောင်းလည်း မျက်မြင်တွေ့ရှိသူများက အသိပေးသည်။

အခင်းဖြစ်ပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ - CJ
အခင်းဖြစ်ပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ - CJ

ရန်ကုန်မြို့ လှိုင်​မြို့နယ်တွင် ခွင့်ဖြင့်ပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင်သုံးဦး ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ နံနက် ၉နာရီ ခွဲခန့်က သီရိမြိုင် (၁၃)ရပ်ကွက်၊ဗဟိုလမ်းနှင့် ပေါင်းစီးလမ်းထောင့်တွင် ပစ်သတ်ခံရခြင်းဟု ဆိုသည်။

“သူက သိရသလောက် တပ်ထဲမှာ ၁၀ နှစ်ကျော်နေပြီ။ရှမ်းပြည်ဘက်က ပြီးခဲ့တဲ့ နှစ်ရက်၊သုံးရက်လောက်ကမှ သူတို့အမေ အိမ်ပြန်လာတာ။ဒီမနက်တော့ လမ်းလျှောက်နေရင်း သူ့မိန်းမနဲ့သူတို့နဲ့ပါလာတဲ့ သူတစ်ယောက်ပါ ပစ်သတ်ခံရတာ ။သုံးယောက် စလုံးနေရာမှာတင်သေတယ် “ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယခု ပစ်ခတ်ရှင်းလင်းမှု ဖြစ်စဥ်နှင့်ဆက်စပ်၍ မည်သည့်အဖွဲ့က ဆောင်ရွက်သည်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အခင်းဖြစ်နေရာ ဗဟိုလမ်းအားပိတ်ဆို့စစ်ဆေးနေပြီး ပါရမီလမ်းတစ်လျှောက်ကင်းပုန်းများပါချထားကြောင်းလည်း မျက်မြင်တွေ့ရှိသူများက အသိပေးသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ မြို့ပြတော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်နေရာများကို ပိုမိုတိုက်ခိုက်လျက်ရှိနေသည်။

သို့သော် ယမန်နေ့က အင်းစိန်ထောင်တွင်ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများတွင် ပြည်သူအချို့သေဆုံးခဲ့ရသည့်ဖြစ်စဥ်တွင် ပြုလုပ်ခဲ့သူများအပေါ် ဝေဖန်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။