Connect with us

Hi, what are you looking for?

ဗီဒီယို

ဖေဖော်ဝါရီ ၁ ရက်မှာ ဆိုင်မပိတ်ဖို့ စျေးသည်တွေ၊ ဆိုင်တွေကို လက်မှတ်ထိုးခိုင်းနေ

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အနေနဲ့ ​ ပြည်သူတွေပါဝင်တဲ့ Silent Strike ကို မတ်လအတွင်းက တစ်ကြိမ် ၊ ဒီဇင်ဘာလအတွင်းက တစ်ကြိမ်ပြုလုပ်ခဲ့ပြီး အောင်မြင်တဲ့ လူထုလှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းတာ တစ်နှစ်ပြည့်ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်သူတွေ ​Silent Strike လုပ်မယ့်အပေါ် အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေဆက်တိုက်လုပ်နေပါတယ်။

ရန်ကုန်မြို့က မြို့နယ်တော်တော်များများမှာရှိတဲ့ ဈေးတွေနဲ့ ဈေးဆိုင်တွေကို Silent Strike နေ့မှာ ဆိုင်တွေမပိတ်ဖို့ နဲ့ ဆိုင်ပိတ်ရင် ပိတ်သိမ်းတဲ့အထိ အရေးယူမယ်ဆိုတဲ့ အချက်တွေပါတဲ့စာကို လက်မှတ်ထိုးခိုင်းတဲ့အထိ ခြိမ်းခြောက်ဖိအားပေးနေပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က သန်လျင်မြို့မဈေးနဲ့ မြို့ပေါ်က ဈေးဆိုင်တွေကို လက်မှတ်ထိုးဖို့ ဖိအားပေးတာတွေရှိတယ်လို့ သန်လျင်မြို့ခံတစ်ဦးကပြောပါတယ်။

လှိုင်မြို့နယ် အတွင်းက ဈေးတစ်ခုမှာလည်း ဖေဖော်ဝါရီ ၁ ရက်မှာ ပိတ်တဲ့ဆိုင်တွေကို ဆိုင်ပိတ်တဲ့အထိ အရေးယူမယ်ဆိုတဲ့ အသိပေးကြေညာစာတွေကပ်ထားသလို လက်မှတ်ထိုးဖို့လည်း အတင်းအကျပ်လုပ်ဆောင်တယ်လို့ လှိုင်​မြို့နယ်မှာနေသူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားမြို့တွေမှာလည်း ဆိုင်မပိတ်ဖို့ ကြေညာတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

Silent Strike မှာ ပါဝင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဆိုင်ပိတ်မယ်လို့ လူမှုကွန်ရက်မှာကြေညာတဲ့ ဆိုင်တစ်ချို့ကိုလည်း အရေးယူဆောင်ရွက်မှုတွေရှိတယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ ဖိအားပေးလုပ်ဆောင်မှုတွေက ပြည်သူတွေရဲ့ Silent Strike ဘယ်လောက်ထိရောက်တယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ အချို့က မှတ်ချက်ပြုကြပါတယ်။

Silent Strike ကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိပြုလုပ်မှာဖြစ်တာကြောင့် ဖိအားပေးခံရတဲ့ ဆိုင်တွေ အနေနဲ့ မပိတ်ဘဲ အပြင်မထွက်ဘဲနေဖို့သာအဓိက ကျတယ်လို့ တိုက်တွန်းနေကြတာလည်းရှိပါတယ်။

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အနေနဲ့ ​ ပြည်သူတွေပါဝင်တဲ့ Silent Strike ကို မတ်လအတွင်းက တစ်ကြိမ် ၊ ဒီဇင်ဘာလအတွင်းက တစ်ကြိမ်ပြုလုပ်ခဲ့ပြီး အောင်မြင်တဲ့ လူထုလှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။