Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဖေဖော်ဝါရီ ၁ ရက်မှာ ဆိုင်မပိတ်ဖို့ စျေးသည်တွေ၊ ဆိုင်တွေကို လက်မှတ်ထိုးခိုင်းနေ

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အနေနဲ့ ​ ပြည်သူတွေပါဝင်တဲ့ Silent Strike ကို မတ်လအတွင်းက တစ်ကြိမ် ၊ ဒီဇင်ဘာလအတွင်းက တစ်ကြိမ်ပြုလုပ်ခဲ့ပြီး အောင်မြင်တဲ့ လူထုလှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းတာ တစ်နှစ်ပြည့်ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်သူတွေ ​Silent Strike လုပ်မယ့်အပေါ် အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေဆက်တိုက်လုပ်နေပါတယ်။

ရန်ကုန်မြို့က မြို့နယ်တော်တော်များများမှာရှိတဲ့ ဈေးတွေနဲ့ ဈေးဆိုင်တွေကို Silent Strike နေ့မှာ ဆိုင်တွေမပိတ်ဖို့ နဲ့ ဆိုင်ပိတ်ရင် ပိတ်သိမ်းတဲ့အထိ အရေးယူမယ်ဆိုတဲ့ အချက်တွေပါတဲ့စာကို လက်မှတ်ထိုးခိုင်းတဲ့အထိ ခြိမ်းခြောက်ဖိအားပေးနေပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က သန်လျင်မြို့မဈေးနဲ့ မြို့ပေါ်က ဈေးဆိုင်တွေကို လက်မှတ်ထိုးဖို့ ဖိအားပေးတာတွေရှိတယ်လို့ သန်လျင်မြို့ခံတစ်ဦးကပြောပါတယ်။

လှိုင်မြို့နယ် အတွင်းက ဈေးတစ်ခုမှာလည်း ဖေဖော်ဝါရီ ၁ ရက်မှာ ပိတ်တဲ့ဆိုင်တွေကို ဆိုင်ပိတ်တဲ့အထိ အရေးယူမယ်ဆိုတဲ့ အသိပေးကြေညာစာတွေကပ်ထားသလို လက်မှတ်ထိုးဖို့လည်း အတင်းအကျပ်လုပ်ဆောင်တယ်လို့ လှိုင်​မြို့နယ်မှာနေသူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားမြို့တွေမှာလည်း ဆိုင်မပိတ်ဖို့ ကြေညာတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

Silent Strike မှာ ပါဝင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဆိုင်ပိတ်မယ်လို့ လူမှုကွန်ရက်မှာကြေညာတဲ့ ဆိုင်တစ်ချို့ကိုလည်း အရေးယူဆောင်ရွက်မှုတွေရှိတယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ ဖိအားပေးလုပ်ဆောင်မှုတွေက ပြည်သူတွေရဲ့ Silent Strike ဘယ်လောက်ထိရောက်တယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ အချို့က မှတ်ချက်ပြုကြပါတယ်။

Silent Strike ကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိပြုလုပ်မှာဖြစ်တာကြောင့် ဖိအားပေးခံရတဲ့ ဆိုင်တွေ အနေနဲ့ မပိတ်ဘဲ အပြင်မထွက်ဘဲနေဖို့သာအဓိက ကျတယ်လို့ တိုက်တွန်းနေကြတာလည်းရှိပါတယ်။

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အနေနဲ့ ​ ပြည်သူတွေပါဝင်တဲ့ Silent Strike ကို မတ်လအတွင်းက တစ်ကြိမ် ၊ ဒီဇင်ဘာလအတွင်းက တစ်ကြိမ်ပြုလုပ်ခဲ့ပြီး အောင်မြင်တဲ့ လူထုလှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။