Connect with us

Hi, what are you looking for?

သတင်း

ကိုဝေမိုးနိုင်ကို စစ်ကောင်စီ ထောင်၄နှစ်ထ​ပ်ချ၊ စုစု​ပေါင်း ၁၄နှစ်ချမှတ်ထား

ကိုဝေမိုးနိုင်ကို ပြီးခဲ့သည့်သြဂုတ်လ၈ရက်နေ့က ပုဒ်မ ၅၀၅-က နှင့် စွဲဆိုထားသည့် အမှု ၅ မှု အတွက် တစ်မှုကို ၂ နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည်။

ကိုဝေမိုးနိုင်
ကိုဝေမိုးနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာသပိတ်ကော်မတီဦးဆောင်သူမုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ယ​နေ့ထောင်ဒဏ်၄ နှစ်ထပ်မံချမှတ်လိုက်သည်။

“ဒီနေ့ဝေမိုးနိုင်ကို ၅၀၅-က နဲ့ ၂ နှစ်၊ပုဒ်မ ၂၅ နဲ့ ၂နှစ် စုစုပေါင်း ၄ နှစ်အမိန့်ချပါတယ်။ ယခင် ၁၀ နှစ်နဲ့ စုစုပေါင်း ထောင်ဒဏ်၁၄နှစ် အမိန့်ချပြီးဖြစ်ပါသည်။”ဟု ကိုဝေမိုးနိုင်မိခင်က လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးသည်။

ကိုဝေမိုးနိုင်ကို ပြီးခဲ့သည့်သြဂုတ်လ၈ရက်နေ့က ပုဒ်မ ၅၀၅-က နှင့် စွဲဆိုထားသည့် အမှု ၅ မှု အတွက် တစ်မှုကို ၂ နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည်။

မုံရွာမြို့ လူထုသပိတ်ဦး​ဆောင်​ကော်မတီခေါင်း​ဆောင် ကို​ဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်က စစ်​ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် အိမ်စီးကားကို အသုံးပြု၍ ဆိုင်ကယ်ဖြင့်ဆန္ဒပြ​နေ​စဥ် ဝင်တိုက်၍ အကြမ်းဖက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။