Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်ဘေးရှောင်စက်လှေကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်၍ စက်လှေနစ်မြုပ်ပြီး လူငါးဦးပျောက်ဆုံးနေ

ယနေ့(အောက်တိုဘာ ၂၂ရက်) နံနက် ၄နာရီခန့်က စစ်ကောင်စီတပ်သည် မြောင်မြို့နယ်တွင်းသို့ စစ်ကြောင်း နှစ်ကြောင်းပြိုင်ဝင်လာခဲ့သည်။

မြောင်မြို့နယ် ဧရာဝတီမြစ်ဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်၊ဓာတ်ပုံ-ကိုနွေဦး(မြောင်)
မြောင်မြို့နယ် ဧရာဝတီမြစ်ဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်၊ဓာတ်ပုံ-ကိုနွေဦး(မြောင်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ရန်ကြောင့် စက်လှေဖြင့် ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့်ပစ်ခတ်ခဲ့၍ စက်လှေနစ်မြုပ်ပျက်စီးကာ အဆိုပါ စက်လှေပေါ်ပါ ငါးဦးပျောက် ဆုံးနေကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM)က သတင်းထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာ ၂၂ရက်) နံနက် ၄နာရီခန့်က စစ်ကောင်စီတပ်သည် မြောင်မြို့နယ်တွင်းသို့ စစ်ကြောင်း နှစ်ကြောင်းပြိုင်ဝင်လာခဲ့သည်။

မြင်းမူနယ် မှ ရွှေပေါက်ပင်ကျေးရွာသို့ တစ်ကြောင်း၊ ကျောက်ရစ်စခန်းမှ နနွန်းကိုင်း၊ဆူးလေကုန်းနှင့် သနပ်ကုန်းကျေးရွာများသို့တစ်ကြောင်း လက်နက် ကြီးငယ်များဖြင့် တရစပ်ပစ်ခတ်ဝင် ရောက်လာခဲ့ကြောင်း CDSOM က အသိပေးသည်။

ကျောက်ရစ်ဘက်မှထွက်သော စစ်ကြောင်းအတွက် ပြည်သူများ အချိန်မီရှောင်တိမ်းနိုင်လိုက်ကြသဖြင့် ထိခိုက်မှုမရှိကြောင်း CDSOMအဖွဲ့မှ ကိုနွေဦး (မြောင်)က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရွှေပေါက်ပင်ဘက်သို့ဝင်လာသော စစ်ကြောင်းသည် ၎င်းတို့စစ်ကြောင်းလာသဖြင့် စက်လှေဖြင့်ထွက်ပြေးသော ပြည်သူခြောက်ဦးပါစက်လှေအား စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးကျည်မှာ စက်လှေပေါ်တည့်တည့်ကျကာ စက်လှေနစ်မြုပ် ပျက်စီးခဲ့ပြီး ပြည်သူ ငါးဦးလည်း ရေတွင်နစ်မြုပ်ပျောက်ဆုံးကာ တစ်ဦးသာအသက်ရှင်လျက် တွေ့ရှိရကြောင်း CDSOM က အသိပေးသည်။

လက်ရှိအချိန်ထိ အဆိုပါစစ်ကြောင်းသည် ရွှေပေါက်ပင်ရွာအတွင်းရှိနေပြီး ပြည်သူများထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

လက်နက်ကြီးထိခဲ့သည့်စက်လှေနှင့်ပတ်သက်၍ CDSOM အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အောက်တိုဘာ ၁၉ရက်ကလည်းစစ်ကောင်စီတပ် သည် မြောင်နယ်၊ ရွှေဘုံသာကျေးရွာနေအမျိုးသားတစ်ဦးအား အကြောင်းမဲ့သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။