Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝါရီကောခူကျေးရွာနေ ပြည်သူသုံးဦး ထိမှန်ဒဏ်ရာရ

ပြည်သူများနှင့် စစ်ဘေးရှောင်နေရာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်ခြင်းဟု ၎င်းတို့က ဆိုသည်။

ဒဏ်ရာရရှိသူများအား ကုသရန်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ - ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်း
ဒဏ်ရာရရှိသူများအား ကုသရန်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ - ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်း

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်တွင်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝါရီကောခူကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ ပြည်သူသုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ပြည်သူများနှင့် စစ်ဘေးရှောင်နေရာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်ခြင်းဟု ၎င်းတို့က ဆိုသည်။

ထို့အပြင် ယခုဖြစ်စဥ်အပါအဝင် သုံးရက်အတွင်း ပြည်သူခြောက်ဦးထက်မနည်း လက်နက်ကြီးကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။

“အခု မနက် ၄နာရီလောက်မှာ လက်နက်ကြီး ကျလာတာ။ထိတဲ့သူ သုံးဦးမှာ စိုးရိမ်ရတဲ့သူအချို့လည်းပါတယ်”ဟု လွိုင်ကော်မြို့နေသူတစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူများအား ကုသရန်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ - ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်း
ဒဏ်ရာရရှိသူများအား ကုသရန်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ – ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်း

ကျည်ထိမှန်သူများအနက် အသက် (၄၅)နှစ်အရွယ် ဒေါ်မူဟိုက်မှာ ဝမ်းဗိုက်၊တင်ပါး၊ဘယ်လက်မောင်း နေရာများ၊ အသက်(၄၆)နှစ်အရွယ် ဦးတိုမှာ တင်ပါး၊ ပေါင်နေရာများထိမှန်နှင့် အသက်(၂၅)နှစ်အရွယ် ကိုကမီးယိုပုမှာ ဦးခေါင်း၊ဘယ်ခြေချင်းဝတ် နေရာများထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်း အသိပေးသည်။

အောက်တိုဘာ ၂၄ ရက်ကလည်း ကုန်းသာကျေးရွာစစ်ဘေးရှောင်စခန်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လင်းမယားနှစ်ဦး ဆုံးပါးခဲ့ရသည်။

အထက်ပါဖြစ်စဥ်နှစ်ခုအရ လွိုင်ကော်အမြောက်တပ်နှင့် မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ (၄၂၂) တပ်မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဟု ဒေသခံတို့က ဆိုသည်။

ယခုလအတွင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ဒေသခံပြည်သူ နှစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသအတွင်း စစ်ဘေးရှောင်စဥ် သေဆုံးခဲ့ရသည့် ဒေသခံပြည်သူ ၆၅ ဦးအထိရှိကြောင်းလည်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။